ထိုသူကတော့>>>>
သူတို့၏ နှစ်ယောက်မရှိသောသူငယ်ချင်း စပ်စလူးစိန် အာပေါက်မတတ်စကားတတွတ်တွတ်ပြောနိုင်သော Zhan Yixing ပင်။ အနောက်က သူ့ကောင်လေး Junmyeon ရောပါလာသည်ထင်။(Chanyeolတို့မှာ အခင်ဆုံးသူငယ်ချင်းငါးယောက်အုပ်စုပါနော်၊)
နေပါဦး။ဒီကောင်က ဆေးရုံကို Bodyguard တို့ဘာတို့နဲ့လာရသေး၊ Party မှတ်နေတာထင််တယ်။
"ဝေ့Chan ဆေးရုံကိုဘယ်လိုရောက်နေတာလဲ၊ ငါ့မှာစိတ်ပူပီးလိုက်လာတာ၊ ဘာဖြစ်သွားသေးလဲ၊ ဘာသူလုပ်လိုက်တာလဲ၊ သက်သာသွားပီလား"
ပြောပါတယ် မေးလိုက်တဲ့မေးခွန်းတွေ၊ စိတ်ပူတဲ့နေရာမှာတော့ နှစ်ယောက်မရှိတဲ့ သူငယ်ချင်းပါ။
"ဖြေးဖြေးမေးလို့ရမလားဟင်၊ သိုးကောင်ရဲ့ ငါ့နားတွေပူနေပီ"
"အေးပါ၊ ဒါဆိုလဲ မင်းဆေးရုံကိုဘာလာလုပ်တာလဲ ဘာမှဖြစ်ပုံပေါ်မပါဘူး"
"အေးငါဘာမှမဖြစ်ဘူး၊ ကောင်လေးတစ်ယောက်ဖြစ်တာ၊ ဒါနဲ့မင်း ဘယ်လိုသိပီးရောက်လာတာလဲ"
"ငါ့ယောက်ဖပြောလို့သိတာ"
"မင်းယောက်ဖကဘယ်သူလဲ၊ Junmyeon ညီလား"
Sehunကမေးခွန်းထုတ်လိုက်သည်။
"အင်းဟုတ်တယ်၊ သူ့နာမည်က Baekhyun လေ"
Jumyeon ဖြေသံအဆုံးSehun သဘောပေါက်လိုက်သည်။
"ဒါဆို Jun ကကျွန်တော့်ယောက်ဖပဲ့"
"ဟင်..ဘာကိုလဲ"
Junmyeon အံ့သပြီးပြန်မေးပေသည်။ Yixing လဲအံ့သြနေသည်။ သို့သော်ကျန်တဲ့ သူငယ်ချင်းသုံးယောက်ကမူ သိပီးသားအထာနဲ့ သူတို့ကိုစောင့်ကြည့််နေကြသည်။
"Baek ကကျွန်တော့်ကောင်လေးလေ"
"မင်းနဲ့ငါနဲ့က ဘာတွေတော်သွားတာလဲနော် ဟား...ဟား..ဟား.."
သူတို့တွေစကားတပြောပြောနဲ့ရီနေကြသည်။ ခဏကြာတော့ Yixing မှ-
"Chanyeol မင်းပြောတဲ့ကောင်လေးကဘယ်သူလဲ "
ထိုသို့မေးလာတော့ Chanyeolအစအဆုံးရှင်းပြလိုက်သည်။
"ငါ့ကောင်သွက်လှချည်လား၊ နှုတ်ခမ်းတောင်နမ်းသွားသေးတယ်ဆိုတော့"