"Kyung Sooကရော Omma"
"အော်သားရယ်...တွေ့ရမှာပေါ့...ခဏစောင့်"
Chanyeolတကယ်စိတ်လှုပ်ရှားနေမိသည်။ အခုချိန်မှာသူ့ကလေးကို သူအရမ်းမြင်ချင်နေပါသည်။
ဟုတ်ပါသည်။ ဒီနေ့ကျွန်တော် Park Chanyeolနဲ့ ကလေးDo Kyung Sooတို့၏ မဂ်လာပွဲပင်။
KS ဆေးရုံကဆင်းပြီးတစ်လအကြာမှာပြုလုပ်လိုက်သောပွဲပင်။ ေနာက်ကားကရှေ့ကားကိုကျော်တက်သွားသလိုမျိုး Chanyeolတို့ဟာလည်း Sehunနဲ့ Baekထက်စောပြီးမဂ်လာဆောင်ဖြစ်သွားသည်။ ထိုကားအထွေအထူးမဟုတ် Sehunရဲ့ အသည်းနှလုံးပါပီပေါက် Baekhyun၏ တောင်းဆိုချက်တစ်ဖြစ် အမိန့်တစ်ဖြစ်ကြောင့် Oh Sehunတို့မှာ မလှုပ်မရက်သာ။ ဒါပေမဲ့သွားငြီးပြလို့မဖြစ်။ သူခေါင်းခေါက်ခံရမည့်ကိန်းပင်။
အခုချိန်မှာတော့ Chanyeol အရမ်းစိတ်လှုပ်ရှားနေသည်။ သူကလေးကိုတွေ့ချင်နေသည်။ ပွဲစတော့မည်ဖြစ်သောကြောင့်သာ သူ့ကလေးအခန်းဆီမသွားလိုက်ရ။
"သတို့သားများနေရာယူလို့ရပါပြီ" ဆိုသောစကားသံကြောင့်ခန်းမဆီသို့သာ။
ဖာသာရှေ့မှာနေရာယူပြီးသည်နဲ့ ကလေးရဲ့လျှောက်လမ်းဆီမျှော်နေမိသည်။ ခဏအကြာ Minseok ရဲ့လက်ကိုတွဲပြီး သူ့ဆီကိုဖြေးဖြေးချင်းလျှောက်လာနေသောကလေး။ သူအသက်ရှူရပ်သွားသလိုပင်။ မင်းသားလေးလိုတောက်ပနေသောကလေး။ အဖြူရောင် suit လေးနဲ့သူ့ကလေး။ သူမျက်စိပါစူးသည်။ (ပတ်ကြီးပိုချက်9+++)
KS မှာက မိဘတွေမရှိတော့သောကြောင့် Minseok ကိုအကူအညီတောင်းလိုက်ခြင်းပင်။ Minseok ကသူ့ကလေးကိုသူ့လက်ထဲအပ်ခဲ့ပြီး အောက်ဘက်မှာနေရာယူလိုက်သည်။
Chanyeol သူ့ကလေးကိုကြည့်လိုက်တော့ တကယ်ချောရက်သည်။
"သတို့သား Park Chanyeol သည် သတို့သားDo Kyung Sooအပေါ်သစ္စာရှိရှိလက်တွဲသွားပါမည်ဟု ကတိပြုပါသလား"
"ကတိပြုပါသည်"
"သတို့သား Do Kyung Sooသည် သတို့သားPark Chanyeolအပေါ် သစ္စာရှိရှိလက်တွဲသွားပါမည်ဟု ကတိပြုပါသလား"
"ကတိပြုပါသည်"
ကတိပြုသစ္စာဆိုကြပြီးနောက် လက်ထပ်လက်စွပ်ကို အပြန်အလှန်ဝတ်ပေးလိုက်ကြသည်။