တစ်ဖက်တွင်.......
မီဆိုရာတစ်ယောက်အပျော်ကြီးပျော်နေလေရဲ့။
မီဆိုရာ pov 'Do Kyung Soo မင်းနောက်ဆုံးတော့ သေတော့မှာပေါ့ ငါလည်းစည်းစိမ်တွေပိုင်ပီကွ'
မီဆိုရာကိုယ့်ဟာကိုယ်တွေရင်း ရီနေမိသည်။ သူမသိတာက ဒီပြိုင်ပွဲမှာသူရှုံးမှာကိုပင်။
တကယ်တော့ မီဆိုရာက ငယ်ကတည်းက အတ္တသမား၊သူ့မိဘတွေကလည်း အတ္တသမားတွေပင်။ ဘယ်လောက်ပဲ့ ချမ်းသာနေပါစေ၊ ငွေတွေကိုရှာပြီးရင်းရှာနေတာပေါ့။ သေတဲ့အထိပေါ့။ အဲလိုလောဘတွေကြောင့် သမီးဖြစ်သူကို မေတ္တာတွေမပေးနိုင်သလို၊ သမီးဖြစ်သူကလည်း အချစ်ဆိုတာဘာမှန်းမသိခဲ့ဘူး။ သမီးဖြစ်သူ မီဆိုရာကတော့ သူ့ငွေရပေါက်တွေကိုရှာကာ ယောက်ျားတကာနဲ့ လိုက်ရောထွေးကာ၊ ငွေရှာနေလေရဲ့။ သူ့မိဘလုပ်ငန်း တွေလည်း သူ့လက်ထဲမရောက်ခင်အကုန်ပျက်စီးကုန်မှာသိတာကြောင့် သူ့မိဘတွေက သူတို့Company ကိုရှယ်ယာဝင်ထားတဲ့ သူရဲ့သားနဲ့ လက်ထပ်ပေးခဲ့တယ်။ အဲလူက Chanyeol ရဲ့ဂိုဏ်းနဲ့လည်းပတ်သက်နေခဲ့တယ်။
နောက်တော့ ဂိုဏ်းအချင်းချင်းတိုက်ခိုက် မှုဖြစ်ကာ သူ့ရဲ့ ယောက်ျားဖြစ်သူကလည်းထိုပွဲမှာသေသွားခဲ့တယ်။ ထိုအခါ သူစိတ်မဝင်စားတဲ့ Company လုပ်ငန်းကြီးက သူ့လက်ထဲAuto ရောက်လာသည်။ ထိုအချိန်မှာသူ့မိဘတွေကလည်း မရှိတော့ပြီမလို့သူ့အတွက် Company က ငွေဖြုန်းပေါက်ဖြစ်နေလေရဲ့။ သူ့ရဲ့ Company ကလည်း Chanyeol ရဲ့အကူအညီနဲ့ တည်ထောင်ထားခဲ့တာကိုသူမသိခဲ့ဘူး။ ဖြုန်းချင်တိုင်းဖြုန်းနေတာကို Chanyeol ကလည်းကြည့်မရတဲ့အဆုံး Company ကိုသူ့လက်အောက်သို့သိမ်းသွင်းလိုက်တယ်။
မီဆိုရာ သူ့Company Chanyeolလက်အောက်ရောက်သွား
တဲ့အချိန်မှာတော့ သူလုပ်ချင်တာတွေလုပ်မရခဲ့ပါ။ နောက်ဆုံးသူဟန်ဆောင်မှုတွေပြုလုပ်ပြီး ဂိုဏ်းသားအဖွဈဝငျကာ Chanyeol ပြိုင်ဘက် Company spy အဖြစ် အတွင်းသတင်းတွေကိုပေးနေလေသည်။ Chanyeol ကထိုအဖြစ်ကိုမသိခဲ့ပါ။ Chanyeol အနည်းငယ်ပေါ့ဆခဲ့လေသည်ပေါ့။
နောက်တော့ Chanyeol မှာသစ္စာဖောက်ခံရတာကြောင့် သူ့ရဲ ဂိုဏ်းအကြောင်းတွေပါပေါ်လာခဲ့သည်။ သူ့ Company ကလည်းအောက်ခြေရောက်လုလုနီးပါးဖြစ်နေချိန် KS အဖေရဲ့အကူအညီကြောင့် အခုလို Company ကိုပြန်တည့်မတ်နိုင်ခြင်း။