လေးနှစ်.....
အင်း...လေးနှစ်ရှိသွားပီ..သူနဲ့ကလေးကွဲကွာခဲ့ရတာ..
ထိုနေကသာ သူခြေတစ်လှမ်းစောခဲ့ရင် ကလေးနဲ့သူ အခုလိုမကွဲကွာနေဘူးထိုနေ့က....
Chanyeolတို့ မီဆိုရာ၏ ဖုန်းတည်နေရာအတိုင်း လိုက်လာခဲ့လေသည်။ မီဆိုရာဆီကို ဖုန်းဆက်တုန်းက မီဆိုရာက ဖုန်းမပိတ်ထားသည်ကို ကျေးဇူးတင်ရမည်ပေါ့။ ခြေရာခံလိုက်ရာ တည်နေရာက ကလေး တို့အိမ်ရဲ့အနောက်ဘက်ခြမ်းကပဲ့ဖြစ်သည်။
Chanyeol ထိုနေရာကို သူ့ဂိုဏ်းသားတွေနဲ့ Jongdae ရဲ့ဂိုဏ်းသားတွေရော ခေါ်လာခဲ့သည်။ Jongdae လည်းပါလာသည်ပေါ့။
ထိုနေရာကို ရောက်တော့ ထုံးစအတိုင်း မီဆိုရာ၏ လူတွေနဲ့တိုက်ခိုက်ရသည်။ ခဏအကြာ-"ဘုန်း"
ဆိုတဲ့အသံနဲ့ အိမ်၏ အနောက်ဘက်မှအသံထွက်လာသည်။"ကလေး"
Chanyeol ရေရွတ်မိလိုက်သည်။ ကလေးဘာမှမဖြစ်စေနဲ့ပေါ့။ အသံကြားရာကိုကြည့်နေရင်းမှ လောင်ကျွမ်းမှုတို့ မရှိခြင်းကြောင့် အသံတုမှန်းသိလိုက်၍ စိုးရိမ်စိတ်တို့အနည်းငယ်ပြေလျော့သွားသည်။ Chanyeol တမေ့တမောဖြစ်နေသည်ကိုဘအခွင့်ကောင်းယူပီး မီဆိုရာ၏လူက Chanyeol ခေါင်းကို သစ်သားတုတ်နဲ့ရိုက်လိုက်လေသည်။
"ဖောင်း""Boss!!!"
ရိုက်လိုက်သည့် အရှိန်ဘယ်လောက် ကြမ်းသွားသည်မသိ သစ်သားတုတ်ပါနှစ်ပိုင်း ကျိုးထွက်သွားသည်။ သူ၏ ဂိုဏ်းသားများလည်း စိုးရိမ်တကြီး အော်နေကြသည်။
သို့ပေမဲ့ Chanyeol တို့ဘက်က လက်ရည်သာ၍ မီဆိုရာ၏ လူများအထိနာကုန်သည်။ Chanyeol သူငယ်ချင်း Jongdae မှာ Chanyeol ထိသွားကတည်းက ပြေးလာခဲ့သည်။
Chanyeol သူ့ခေါင်းအရမ်းနာသွားသည်။ ဟိုဘက်ကိုငေးငေးလေးဖြစ်နေသည်ကို သူ့အမှားပင်။ သူ့ခေါင်းမှာလဲသွေးတွေနဲ့။ သူ့ဂိုဏ်းသားများနဲ့ သူ့သူငယ်ချင်း၏ ေအာ်သံများကိုလည်း ကြားတချက် မကြားတချက်။
"ကလေးကို ရှာပေးပါနော် "
"ေဟ့ကောင် Chanyeol သတိထားစမ်းဟေ့ကောင်"
Chanyeol သူမှာချင်တာမှာပြီး သူ့ကလေးအန္တရယ်ကင်းစေဖို့ ဆုတောင်းပြီးသည်နှင့် သူ့အာရုံအားလုံး အမှောင်ကျသွားလေသည်။