ဂျောင်ဆူးတစ်ယောက်ဒီနေ့သူ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ Baek ရဲ့မွေးနေ့ဖြစ်သဖြင့် XOXO Cafe မှာ ကျောင်းသူငယ်ချင်းတွေနဲ့ မုန့်အတူစားလာကြသည်။
အပြန်ကျတော့ လူကြီးတစ်ယောက်နဲ့ အခြေအတင်ဖြစ်ခဲ့သေး အခြေအတင်ထက် ကိုယ့် first kiss ရောပါသွားတာကြောင့် နဲနဲတော့စိတ်ကသိကအောက်ဖြစ်မိခြင်း။
အိမ်အပြန်လဲနောက်ကျသွားခြင်း။
ဂျောင်ဆူးတစ်ယောက်အိမ်ပြန်ရောက်တော့ အိမ်ကတိတ်ဆိတ်လို့နေပီး ခြံတစ်ခါးကလဲ ဖွင့်လျက်သား အိမ်စောင့်ဦးလေးကြီးကိုလဲမတွေ့သဖြင့် ဂျောင်ဆူးတစ်ယောက်စိတ်ထင့်လို့နေသည်။ခြံထဲရောက်တော့ ကားအမည်းတစ်စင်းကိုတွေ့လိုက်လို့ ဂျောင်ဆူးနဲနဲတော့လန့်သွား၏။
အိမ်ထဲကိုရောက်လဲမည်သူမှမတွေ့ရ။ ဂျောင်ဆူးလဲအဖေဖြစ်သူကို အော်ခေါ်တော့ အဖေဖြစ်သူ ရဲ့ ပြန်ထူးသံကိုမကြားရဘဲ စုန်းမလိုမိထွေး၏ရယ်သံကိုသားကြားရသည်။
"ဖေဖေ...ဖေဖေ.."
"ဟား....ဟား.....ဟား......"
ခြောက်ကပ်ကပ်ရယ်သံကြီးက တိတ်ဆိတ်တဲ့အိမ်ထဲမှာကျယ်လောင်စွာထွက်ပေါ်လာသည်။
ကြက်သီးတော့ထစရာပင်။ဂျောင်ဆူးငယ်ကတည်းက အမေဖြစ်သူကဆုံးသွားပီး အဖေဖြစ်သူနဲ့သာရပ်တည်လာရသည်။ အဖေကလဲအလုပ်ကြိုစားသည်။
အဖေနဲ့အမေကိုအဘိုးနဲ့အဘွားတို့နှစ်ဖက်လုံးက ကန့်ကွက်ကြားထဲက အရမ်းချစ်ကြတော့ယူလိုက်ကြသည်။ နောက်တော့ ဂျောင်ဆူးကိုမွေးလာပီးမှ ဂျောင်ဆူးအဖေဘက်က သူတို့မိသားစုကိုပြန်ခေါ်ယူပြီး အဖေဘက်က အဘိုးရဲ့လုပ်ငန်းတွေကိုဆက်လုပ်ကိုင်ခိုင်းသည်။
ဂျောင်ဆူးအမေဘက်ကတော့ အမွေပြတ်စွန့်လွှတ်လိုက်ပီး ဂျောင်ဆူးတို့မိသားစုကို လုံးဝ အဖက်မလုပ်ခဲ့ပါ။ အခုချိန်အထိပေါ့။
ဂျောင်ဆူးရဲ့အဖေက တစ်ဦးတည်းသောသားဖြစ်လို့ပင်။ နောက်တော့ဂျောင်ဆူးအမေကနာမကျန်းဖြစ်ပြီးဆုံးသွားတော့ ဂျောင်ဆူးကို မိခင်မေတ္တာမငတ်စေချင်၍ ဂျောင်ဆူးအတွက်ပါဆိုပီး မီဆိုရာ ဆိုတဲ့ စုန်းမကိုယူလိုက်ခြင်း၊