"ကလေး! Kyung Soo လေး..ကလေး!!"
Chanyeolအော်သံကြောင့် အပြင်မှ သူငယ်ချင်းများနှင့် Baekတို့ပါ အခန်းထဲရောက်လာသည်။
တွေ့လိုက်ရတာက ကုတင်ခြေရင်းမှာ မေ့လဲကျနေသော KS ကိုပင်။ Chanyeol KS ကိုကုတင်ပေါ်အမြန်ပွေ့ချီလိုက်ပီး Minseok ကို ခေါ်ဖို့ပြေးထွက် မည်အလုပ် Jongdae ကသူသွားခေါ်ပေးမည်ဆိုသောကြောင့် KS နံဘေးမှာစောင့်ပေးနေလိုက်သည်။
"ငါသွားခေါ်ပေးလိုက် မယ် Yeollie "
"တောင်းဆိုပါတယ်ကွာ..မြန်မြန်နော်"
"အင်း.."
Jongdae ဖြေလည်းဖြေပြီး ဆေးရုံ canteen ဘက်ကိုသွားမည်ဟုပြောခဲ့သော Minseok ကြောင့် canteen သို့အမြန်ပြေးလာလိုက်သည်။ ဟောတွေ့ပါပီ။ ပါမောက္ခတွေနဲ့စကားလက်ဆုံကြနေသည်။
"Kim Minseok!!"
Jongdae အော်သံကြောင့် nurse တွေ ပါမောက္ခတွေလည်းလန့်ပြီးဆွ့ံအနေမိသည်။ သူ့တို့ဆေးရုံအုပ်ရဲ့နာမည်အပြည့်အစုံကိုအော် တာဆိုတော့ တော်ရုံလူမဟုတ်ပေါ့။
Minseok မှာတော့ သူ့ကိုလာအော်တဲ့ အာပြဲကောင်ကိုသာ ဒေါကန်နေလေသည်။
"ဘာလဲ..ထပ်ပြီးဘာတွေပြောအုံးမလို့လဲ..ငါမအားဘူး"
Minseok မေးလိုက်ခြင်း။
Jongdae သိသည်လေ။ သူက Minseok ရဲ့နာမည်အပြည့်အစုံကို လူကြီးတွေရှေ့အော်လိုက်ခြင်းကြောင့်စိတ်ပျက်နေသည်ကို။ ဒါပေမဲ့ သူအခုဂရုစိုက် မအားပါ။ ဟိုကောင်လေးမေ့လဲနေသည်မို့အမြန်လိုသည်။
"Yeollie ကောင်လေးမေ့လဲပြန်ပြီ.. အမြန်လိုနေလို့..လာခေါ်တာ"
ထိုအခါမှ Minseok တစ်ယောက် ပြာသလဲလဲ
"ဘာ! ထပ်ပြီးလား..လာမြန်မြန်သွားရအောင်"
ပြီးနောက်ဆေးရုံအခန်းဆီသို့ ခပ်သွက်သွက်ပြေးသွားရသည်။
Chanyeol စိတ်မရှည်တော့ပြီ။ သွားခေါ်ခိုင်းတဲ့ကောင်ကလည်းမလာနိုင်။
ပြောရင်းနဲ့ရောက်လာပီ။"မြန်မြန်လာ.ဘာလို့ကြာနေတာလဲ"
Chanyeol အပြောကိုJondaebက ပိုကိုပိုလွန်းတယ်ဆိုတဲ့ မျက်နှာပေးဖြင့် ပြန်ကြည့်လိုက်သည်။ Chanyeol တော့မသိချင်ယောင်ဆောင်ရင်းပေါ့။