Universe Hospital ၌ nurse များနှင့် ဆရာဝန်များ ပြာသလဲလဲ ဖြစ်နေကြသည်။ အကြောင်းက ဆေးရုံရဲ့ ရှယ်ယာရှင်လည်းဖြစ်၊ ဆေးရုံအုပ်ရဲ့သူငယ်ချင်းလဲဖြစ်တဲ့ Promise Company ရဲ့ CEO Park Chanyeol က အရေးကြီးလူနာခေါ်လာမည်ဟု ဖုန်းဆက်ထားသောကြောင့်ပင်။
ခဏအကြာတော့ ဆေးရုံရှေ့မှာ ကားဘရိတ်အုတ်အသံအကျယ်ကြီးကိုကြားလိုက်ရ၍ CEO Park Chanyeol လာပြီဟု အချို့တွေသိလိုက်ရသည်။
Chanyeol တစ်ယောက် အရှိန်အပြည့်နဲ့မောင်းလာပီး ဆေးရုံအရှေ့အရောက် ကားဘရိတ်ကို အသံအကျယ်ကြီးဖြစ်သွားအောင်အုတ်လိုက်သည်။ ဆေးရုံရောက်တော့ဆေးရုံအဝင်ဝတွင် သူကြိုတင်ပြင်ဆင်ခိုင်းထားခဲ့သည့်အတိုင်း ဆရာဝန်နှင့် nurse များ ရန်စောင့်နေကြသည်။
Chanyeol ကားပေါ်မှဆင်းလာပီး
Kyungsoo ကိုကားရဲ့ တစ်ဖက်မှပွေ့ချီလာခဲ့သည်။ Kyungsoo ကိုမြင်တော့ ဆေးရုံရှိ nurse များနှင့်ဆရာဝန်များမှာ အံ့သြနေကြသည်။အရေးကြီးလူနာလို့ပြော၍ ကျောင်းသားတစ်ယောက်ကို ခေါ်လာသော Chanyeol အား သူငယ်ချင်းဖြစ်သူ ဆေးရုံအုပ်မှအစ အံ့သြမိလေခြင်း။
"ဟေ့ကောင် Minseok ပြူးပြဲပီးကြည့်မနေနဲ့ ဘယ်မှာလဲငါပြင်ခိုင်းထားတဲ့အခန်း VIP အခန်းရောဟုတ်ရဲ့လား"
(ပတ်ကြီးတို့များ VIP အခန်းမှတဲ့နော် သူ့ကလေးကိုစိတ်ပူနေတာ)Minseok တစ်ယောက် Chanyeol အော်မှ အသိစိတ်ပြန်ဝင်လာပီး ထစ်ထစ်ငေါ့ငေါ့နဲ့ ပြန်ဖြေမိသည်။
"အော်..အ...အင်း.. VIP အခန်းပဲ့ လာ..ငါ့နောက်လိုက်ခဲ့.."
Chanyeolလည်း သူငယ်ချင်းဖြစ်သူအနောက်ကို ခပ်မြန်မြန်လိုက်လာခဲသည်။
အခန်းထဲရောက်သည်နှင့် Kyungsoo ကို ကုတင်ပေါ်ချပီး Minseok ကိုစမ်းသပ်ခိုင်းလိုက်သည်။
"သွေးအားနည်းလို့ပီး မေ့လဲသွားတာပါ ပီးတော့ ဒဏ်ရာကြောင့်လဲပါတာဆိုတော့လေ ပါးနဲ့နှုတ်ခမ်းမှာတော့...အင်း......ငါမပြောလဲနင်သိမှာပါ......"
Chanyeol လဲ Minseok ပြောတဲ့အတိုင်းသေချာကြည့်လိုက်တော့မှ ပါးမှာက လက်ဝါးရာကြီးနဲ့ နှုတ်ခမ်းလေး ညနေကပဲ့ သူနမ်းခဲ့တဲ့ နှုတ်ခမ်းချိုချိုလေးက အခုတော့ ဒဏ်ရာကြောင့် သွေးစို့နေလေရဲ့။