Only One-12

213 33 18
                                    

"Kyung Soo ရေ..Kyung Soo.. မြန်မြန်လုပ်နော် စောင့်နေမယ်"

"ဟုတ်ကဲ့သိပါပီ လူကြီးရဲ့"

KS ရေချိုးနေသောကြောင့် Chanyeol အခန်းထဲရှိကုတင်ပေါ်မှာသာထိုင်စောင့်နေလိုက်သည်။ KSကသူတို့အိမ်မှာနေတာဘာလိုလိုနဲ့ တစ်နှစ်ပင်ပြည့်သွားပြီလေ။

ဒီတစ်နှစ်အတွင်းမှာ KSအတော်ပင်ပန်းခဲ့ရသည်ပေါ့။ ဟိုကိစ္စဖြစ်ပြီးသည်နှင့် KS ဆေးရုံမှာနေလိုက်ရတာ တစ်လနီးပါးပင်ရှိမည်။ သွေးအားနည်းတာနဲ့ စိတ်ဒဏ်ရာတွေနဲ့ ဆေးရုံမှာနေခဲ့ရတာ။ ဆေးရုံတက်နေစဥ်အတွင်းညဘက်မှာလည်း ထယောင်တတ်သည်။ ညဘက်အိပ်မက်ဆိုးတွေနဲ့လည်းနိုးလာရပေါင်းများလေပီ။

ဤသို့KSဖြစ်နေသောပုံစံတွေက Chanyeolအတွက်တကယ်ကို ရင်နာစရာပင်။ ဆေးရုံကဆင်းလာပြီးတစ်ပတ်လောက်အထိ အိပ်မက်ဆိုးမက်ဆဲ။ နောက်တော့ တဖြည်းဖြည်းသက်သာကျလာသည်။ နှစ်လအကြာမှာ ဒီအိမ်တော်မှထွက်ခွာဖို့ပြောလာတော့ Chanyeol နဲ့သူ့မိဘများမှာအတင်းဆွဲထားရသည်။ Chanyeolမိဘများက KSကိုအတော်လေးချစ်သည်။

Chanyeolက KSကိုသဘောကျနေသည်ဟုလောက်ပဲ့ Chanyeol မိဘများကသိထားခြင်း။ ချစ်သူဖြစ်နေကြ သည်ကိုတော့မသိထားပါ။

မီဆိုရာကိစ္စကတော့ တိတ်တိတ်လေးဖြေရှင်းလိုက်သည်။ KSဘက်​က မီဆိုရာကို ရောဂါဖြင့် ဆုံးပါးသွားကြောင်းသတင်းထုတ်လိုက်သည်။ သံသယဝင်စရာမရှိအောင်တော့ အတော်လေးလုပ်ယူလိုက်ရသည်။ နောက်တော့ တရုတ်ဘက်မှာရှိတဲ့ KSရဲ့ Company ကို Yixing လက်ထဲအပ်လိုက်သည်။ KSကတော့ Korea မှာရှိတဲ့ အဖေဖြစ်သူ၏ Company ကိုပင် ပြန်လည်ကိုင်တွယ်လေသည်။ သို့ပေမဲ့ KSသိပ်ပြီးလုပ်စရာမလိုပါ။ Chanyeolကိုယ်တိုင်က အစအဆုံးစီမံနေသည်မို့ပင်။

အခုတော့ Chanyeolနဲ့ KSရဲ့ ဘဝဟာသာယာလို့ပေါ့။ အခုက Chanyeol၏ မိဘများကိုသူတို့ချစ်သူဖြစ်နေကြကြောင်းဖွင့်ပြောဖို့အတွက် KSကိုပြင်ဆင်ခိုင်းနေခြင်း။ အစကတော့ KSကအတော်လေးစိတ်လှုပ်ရှားနေပေမဲ့ Chanyeol ကစိတ်မပူဖို့ပြောသောကြောင့် KS မှာအတော်လေးစိတ်ထိန်းလိုက်ရသည့်ပုံပင်။ အခုတော့ သူ့အချစ်လေးကိုကုတင်ပေါ်မှာစောင့်နေလေရဲ့။

❤❤❤Only One ❤❤❤Where stories live. Discover now