ခွဲစိတ်ခန်းရှေ့မှာပူထူနေသော Chanyeol။ သူ့ခင်ပွန်းလေးကတော့ ခွဲခန်းထဲမှာပင်။ သူလားနှစ်ယောက်လုံးအတွက်စိတ်ပူတာပေါ့။ လူ့လောကထဲမရောက်လာသေးသော သူတို့၏ သားလေးရယ်။ သူ့ရဲ့အသက်ထက်ချစ်ရသော ခင်ပွန်းလေးရယ်ကိုအန္တာရာယ်ကင်းစေချင်သည်။
ကင်းမှာပါလို့ဆုတောင်းမိသည်။ သူ့နည်းတူ appaနဲ့ommaကလည်း စိတ်ပူနေကြသည်။ ကလေးရဲ့သူငယ်ချင်းတွေလည်းရောက်လာသည်။
အချိန်တွေတရွေ့ရွေ့ကူးပြောင်းလာပြီးနောက် ခွဲခန်းတံခါးက ပွင့်လာကာ ဆရာဝန်တစ်ဦးထွက်လာသည်။
"ဂုဏ်ပြုပါတယ် ကလေးရော လူကြီးရောကျန်းမာပါတယ်"
ဆိုတဲ့ဆရာဝန်ရဲ့စကားဆုံးတော့သူ့ရဲ့ပူပန်နေတဲ့စိတ်တွေအကုန်လျှော့ချလိုက်မိသည်။ နောက်ဆုံးတော့ သူ့ရဲ့အသက်ကြောလေးတစ်ခုထပ်ပိုလာရပြန်ပြီမလား။
ဆရာဝန်ကလည်းသေချာစောင့်ရှောက်ပေးသည်။ မစောင့်ရှောက်ပေးလည်းမရဘူးလေ သူ့ဆေးရုံမှာလုပ်နေပြီးသူ့ခင်ပွန်းကိုဂရုမစိုက်ပေးရင်တော့ အလုပ်ထုတ်ခံပေတော့ပေါ့။
VIP လူနာအခန်းထဲတံခါးဖွင့်ဝင်လိုက်တော့ အေးချမ်းစွာအိပ်ပျော်နေလေသောသူ့ရဲ့အသက်ကလေး။ သားလေးကိုတော့ appa နဲ့ommaတို့ရော သူ့သူငယ်ချင်းတွေပါကြည့်နေလေရဲ့။
သူလားပထမဆုံးခြေလှမ်းဦးတည်တာ အသက်သွေးကြောလေးဆီကိုပေါ့။ သူ့ရဲ့အချစ်ကလေးကိုသူပိုစိတ်ပူရပါတယ်။ ခွဲခန်းမဝင်ခင်ကနာကျင်နေတဲ့ အသက်ကလေးရဲ့ပုံရိပ်က သူ့မျက်စိကမထွက်။ အခုလိုမေ့ဆေးပေးပြီးအိပ်ပျော်နေလည်းတစ်မျိုးကောင်းပါသည်။ နာကျင်ရတာတွေအနည်းအကျင်းသက်သာစေတာပေါ့။
တကယ်တော့ သားလေးမွေးလာကတည်းက သားလေးကိုသေချာမကြည့်သေးပါ။ အချစ်ကလေးနိုးလာမှအတူတူကြည့်မည်ဖြစ်တာကြောင့် appa နဲ့ omma လက်ထဲထည့်ထားလိုက်သည်။ သမီးလေးကတော့ Yixing နဲ့ Jun Myeonဆီအပ်ခဲ့လေရဲ့။
အခုဆေးရုံကိုရောက်လာတာဆိုလို့ Sehun နဲ့ Baekhyunသာ။ Jongdaeရောပါပေမဲ့လည်း ကိစ္စရှိလို့အပြင်ခဏထွက်သွားသည်။ MinSeok က ဆေးရုံအုပ်ဖြစ်တာကြောင့်ဒီဘက်ကိုမလာနိုင်သေးပေ။ အလုပ်များသည်ပေါ့။ Jihoon နဲ့ ချယ်ယွန်းဂျယ်ကတော့ နိုင်ငံခြားမှာပဲ့သူတို့မိသားစုကအခြေချသွားပြီဖြစ်သည်။