KS တစ်ယောက် လူကြီးသူ့ကိုစောင့်ခိုင်းသည့်အတိုင်းကုတင်ပေါ်မှာပဲ့စောင့်ကာ ပြတင်းပေါက်အပြင်ဘက်သို့ငေးနေမိ၏။ ပြတင်းပေါက်က မှန်ပြတင်းပေါက်ဖြစ်သဖြင့် မဖွင့်ထားခဲ့သည်တိုင်အောင် အလင်းရောင်ကဝင်နေသည်မို့ စိတ်အေးရသည်။
KS တကယ်တော့ သူဗိုက် မဆာပါ။ လူကြီးက သူ့ကိုစိတ်ပူနေမှာဆိုးလို့ပင်။ KS သူ့ကိုယ်သူဘာတွေဖြစ်နေမှန်းသူမသိပါ။ တရုတ်မှာတုန်းက Company ကိုဦးစီးနေရင်းနဲ့မေ့လဲတာတွေဖြစ်ဖူးတယ်ဆိုပေမဲ့ ယခုလောက် မပျော့ညံ့ဖူးပါ။ လူကြီးရှေ့ရောက်ရင်တော့ တင်းထားတဲ့စိတ်တွေမှန်သမျှ အကုန်လျှော့ချလိုက်ရတာကြီးပဲ့။ လူကြီးကိုခဏခဏစိုးရိမ်မှုတွေပေးတဲ့သူ့စိတ်ကိုပဲ့ အပြစ်တင်ရမလိုလိုပင်။
KS အတွေးနယ်ချဲ့နေတုန်း တံခါးဖွင့်သံကြားလို့ လူကြီးအထင်နဲ့လှည့်ကြည့်လိုက်ရာ သူငယ်ချင်းကြီး Baekkie ဖြစ်နေလေရဲ့။
"ဒီမှာနင့်အတွက်ဆန်ပြုတ်သောက်လိုက်ပါ..မင်းလူကြီးက စကားလက်ဆုံကျနေလို့ငါယူလာပေးတာ"
Baek ရဲ့ မင်းလူကြီးဆိုတဲ့စကားကြောင့် KS ရှက်ရမ်းရမ်းနဲ့ သူ့လည်ပင်းကို လက်ဖြင့်ပွတ်နေမိလေရဲ့။
"မီးတောက်နေဦးမယ် နောက် မှပွတ်။ ဆန်ပြုတ်အရင်စား"
"အေး..အေး..ပါ.ကွာ"
KSလည်းရှက်ရှက်နဲ့ စကားတွေပါထစ်ကုန်၏။KS စားသောက်လို့ပြီးသည်နှင့် သူတရုတ်မှာနေခဲ့တုန်းကအကြောင်းတွေကို Baek ကိုပြောပြနေလေသည်။
"ဒုန်း!"
ရုတ်တရက်တံခါးဖွင့်သံအကျယ်ကြီးကြောင့် KS ခန္တာကိုယ်လေးတွန့်ခနဲဖြစ်သွားသည်။ Baek လည်းလန့်သွားသည်မို့ အချင်းချင်းဖက်နေကြသည်။
တံခါးဖွင့်သံကြောင့်လှည့်ကြည့်လိုက်ရာ ဝတ်စုံနက်နဲ့ လူတွေက ဝင်လာကြသည်။ ၁၀ယောက်လောက်ရှိမည်။ ကြည့်လိုက်တာနဲ့ လူကြီးရဲ့ ကိုယ်ရံတော်တွေမဟုတ်မှန်းသိသာလှသည်။ အဝတ်အစားမတူသောကြောင့်ပေါ့။
ထိုလူတွေဝင်လာပြီးခဏအကြာ လူကြီးရဲ့ကိုယ်ရံတော်တွေလည်းလိုက်ဝင်လာကာ အချင်းချင်းတိုက်ခိုက်နေကြလေသည်။ လူကြီးရဲ့ ကိုယ်ရံတော်တွေဖက်က လူအင်အားနည်းပြီးအထိအနာများသွားသည်။ သို့ပေမဲ့လည်းလက်ရည်ကောင်းလှသောကြောင့် တိုက်ခိုက်နေကြဆဲပင်။