Only One-6

297 44 5
                                    

Chanyeol ချိန်းထားတဲ့နေရာကိုရောက်တော့ Yixing ကိုပဲ့တွေ့၍
စာချုပ်ချုပ်ဖို့ တစ်ယောက်ကမရောက်သေးဘူးလို့တွေးမိတယ်။
Yixing ကသူ့ကိုမြင်တော့ သူ့အနားပြေးလာပီး လာဖက်နေသည်။ တစ်ကယ့်ကလေးကျနေတာပဲ့။

"Yeollie ရာငါလွမ်းနေတာ"

"လွမ်းတော့လွမ်းသေးပါတယ်နော် ငါ့ကိုသတိမရတော့ဘူးထင်နေတာ"

Canyeol ရွဲ့ကာပြောလိုက်တော့ ဟိုကဖက်ရာမှလွတ်ပြီးတောင်းပန်စကားဆိုလာသည်။

"တောင်းပန်ပါတယ် Yodaရာ ငါလည်းမအားလို့ပါကွာ မင်းတို့တွေကိုလည်း သတိရပါတယ်ကွာ."

Chanyeol သူ့သူငယ်ချင်းတောင်းပန်တာကိုလက်ခံပေးမဲ့ အနောက်က Yoda ဆိုတဲ့ ခေါ်ပုံက မသိရင် ကိုယ်ကပဲ့ နတ်ဘုရားကျလို့။ အဲလောက်နားကားနေတာလားကိုယ်က။

"ထားပါမင်းတောင်းပန်တာကိုငါနားလည်ပေမဲ့ အဲ Yoda ​ဆိုတဲ့နာမည်ကဘာကြီးလဲဟ"

"ဟား..ဟား.. တကယ်လည်း Yodaပဲ့ကို ဟား..ဟား.."

ပြောလဲပိုစလေသူငယ်ချင်းကြောင့်Chanyeol အရှက်ကွဲလေသည်။ တော်သေးသည် နံဘေးမှ ဘယ်သူမှမရှိလို့။

"Zhan Yixing!! တရုတ်နဂါးအစုတ်ပလုတ်! !"

"ထားပါတော်ပီ..ဒါနဲ့ငါမေးမယ် မင်းကလေးအခြေအနေကော"

ကလေးလို့ပြောမှ Chanyeolရယ်နေရာကနေမျက်နှာနဲနဲ မဲ့သွားသည်။ အခုချိန်ထိသူရှာမတွေ့သေးပါလေ။

"ဟင့်အင်း..မတွေ့သေးဘူး..ဟူး.."

Chanyeol လေပူတစ်ချက်မှုတ်ထုတ်ပီး စားပွဲပေါ်ကိုပဲ့အကြည့်စိုက်ကာ ငြိမ်နေလေရဲ့။ Yixingလည်းသူ့သူငယ်ချင်းရဲ့ပုံစံကိုကြည့်ပီးအားမရကာ တစ်ဖက်မှလဲ သူ့ကလေးဆိုတဲ့ကောင်လေးအား အမှတ်တွေပေးနေမိတယ်။ ဒီကောင်လေး သူ့တို့သူငယ်ချင်းကြီးကို ဘာဆေးတွေနဲ့ ပြုစားလိုက်လို့ ဒီလောက်အထိဖြစ်သွားပါလိမ့်။

"မင်း ဆေးမနိုင်တော့ဘူး Park Chanyeol ရေ"

Chanyeol တစ်အောင့်အကြာမှ ခပ်ပြုံးပြုံးဖြစ်လာပီး သူ့သူငယ်ချင်းပြောတဲ့စကားကို သံယောင်လိုက်မိသည်။

"ဟုတ်တယ်ငါဆေးမနိုင်တော့ဘူး"

"ဟား..ဟား..ဟား.."
Yixing ထားရယ်ပါလေရော။

❤❤❤Only One ❤❤❤Where stories live. Discover now