ဒေါက်..ဒေါက်..
"အင်းဝင်လာခဲ့"
Chanyeol အလုပ်လုပ်နေရာက တံခါးခေါက်သံကြောင့်မော့မကြည့်ဘဲ ဖြေလိုက်မိသည်။ အထဲကနေတိုက်ရိုက်မြင်ရသော မှန်အခန်းတံခါးဖြစ်သောလည်း အလုပ်ရှုပ်နေသောကြောင့် မော့မကြည့်ဘဲ အသံပေးလိုက်ကာ စာရင်းကြည့်နေခြင်း။
"အလုပ်ကြိုးစားလိုက်တဲ့ CEO Park Chanyeolကြီးပါလား"
"အော်ကလေး..ဘယ်လိုရောက်လာတာလဲ"
KS အသံကြားမှမော့ကြည့်လာတဲ့ Chanyeol။
"ဘာလဲ လာလို့မရဘူးလား..အဲဆိုလည်းပြန်ပြီ"
"အော်ကလေးရယ်..ကိုယ်ကဘာကိစ္စကြောင့်လဲလို့မေးကြည့်တာပါကွယ်.."
"ကျွန်တော်ကလည်းစတာပါ...တကယ်တော့ ကိစ္စရှိလို့ပါ.."
"ကဲဆိုစမ်းပါဦးဘာကိစ္စလဲကလေး"
KSလည်း ဆိုဖာပေါ်မှာဝင်ထိုင်ကာ Jihoonအကူအညီအကြောင်းပြောပြလိုက်သည်။
ချယ်ယွန်းဂျယ်နာမည်ပါလာသောကြောင့်ထင်။ လူကြီးမျက်နှာနည်းနည်းပျက်ရွင်းသွားလေသည်။ မကြိုက်သောကြောင့်ထင်ပါရဲ့။ ဘာပဲ့ဖြစ်ဖြစ်လူကြီးအမှားမဟုတ်ခဲ့တော့သူယုံပါသည်။
"အဲတော့ ကလေးပြောချင်တာက ကိုယ့်ကိုကူညီခိုင်းတာပေါ့..ဒါပေမဲ့.."
"ဘာမှမဖြစ်ပါဘူးလူကြီးရဲ့..ကျွန်တော်လူကြီးကိုယုံပါတယ်"
အဲတော့မှ ပြုံးလာသောChanyeol.။
"ဒါကြောင့်ကလေးကိုချစ်နေရတာ"
လို့ပြောပြီး ဘေးချင်းကပ်ထိုင်ရာကနေ သူ့နဖူးကိုနမ်းလိုက်သောကြောင့် KSမှာ ရှက်ကာChanyeolရဲ့ရင်ခွင်ထဲသို့တိုးဝင်မိသည်။
ရူံးခန်းထဲတွင်ချစ်ကြည်နူးနေကြသော CEO တို့အတွဲကြောင့် လက်မှတ်ထိုးရန်ဖိုင်လာပေးသောအတွင်းရေးမှူးမလေးမှာ လာရာလမ်းအတိုင်းပြန်လှည့်သွားရလေသည်။
.
.
.
.
.
"ကဲဆိုစမ်းပါဦး Jihoon"ယခုက Chanyeol Companyအနားရှိ XOXO Cafeတွင်ဖြစ်သည်။
အကြောင်းကား Jihoonရဲ့ချိန်းဆိုမှုကြောင့်ပင်။ ဒီဆိုင်က Chanyeol ပိုင်သောကြောင့် Jihoon မှာလွတ်လွတ်လပ်လပ်နေလို့ရသည်။ သူကနာမည်ကြီးဖြစ်သည်ကိုး။