♡6♡

2.1K 304 84
                                    

Unicode

"ဟေ့ နေဦးလေ"

"ဗုန်းးး အင့်"

ထပ်တူကျသွားတဲ့နှုတ်ခမ်းနှစ်စုံနဲ့ အတူ ရင်ခုန်သံချင်းကလည်း တစ်ယောက်နဲ့တစ်‌‌ေယာက် ပြိုင်နေသလား‌ေအာက်‌ေမ့ရသည်။

ဂျီမင်း ဂျောင်ကုအပေါ်ကနေ အမြန်ဖယ်လိုက်ပြီး။

"ကျွန် ကျွန်တော်မျိုး စိုးရွံ့မိပါတယ်"

ဂျောင်ကုကို အမြန်အရိုအသေပေးပြီး ဂျီမင်း အဲ့နေရာကနေ ပြေးသာထွက်ခဲ့လိုက်သည်။
ကျန်ခဲ့တဲ့ ဂျောင်ကုခမျာမှာတော့ အဲ့နေရာမှာတင် မလှုပ်မယှက်နဲ့ ပက်လက်ကြီး ကျန်နေခဲ့သည်။

ဂျီမင်း ဒီနေ့ညတော်တော်နဲ့ အိပ်မပျော်နိုင်၊ မနက်ဖြန်အတွက်စိတ်လှုပ်ရှားသည်ဆိုတာထက် စိတ်ပူနေတာဆို ပိုမှန်မည်။

မနက်ဖြန် အိပ်ဆောင်ဝင်ရပါမည်ဆိုကာမှ ခုနက အဖြစ်ပျက်ကို ဖြစ် ဖြစ်အောင်ကိုဖြစ်သွားသေးသည်၊တွေးလက်စ အတွေးတွေကို အမြန်ဖျောက်လိုက်ပြီး ဂျီမင်းအိပ်ပျော်အောင်ကြိုးစားလိုက်သည်။

မနက်ဖြန်မျက်လုံးပွင့်လာတာနဲ့ သူ့နေရာမှန်ကိုပြန်ရောက်နေပါစေဆိုတဲ့ သူ့ရဲ့ညတိုင်း ဆုတောင်းကိုတော့ ဂျီမင်းဆုတောင်းဖို့မပျက်ကွက်ခဲ့ပါ။
.
.
.
ပြတင်းပေါက်‌ဆီကနေ နေရောင်က မျက်နှာပေါ်ကျလာတာကြောင့် ဂျီမင်း အိပ်ယာထဲကနေ အင်းအဲ လုပ်ပြီး ထထိုင်လိုက်သည်။

မျက်လုံးနှစ်လုံးကိုဖွင့်လိုက်ပြီး အခန်းပတ်ပတ်လည်ကို‌ ဝေ့ဝဲကြည့်လိုက်တော့ သူ့ဆုတောင်းတွေ ဒီနေ့လည်းမပြည့်ခဲ့ပြန်ပါ။

နန်းဆောင်ရှေ့က လီဟွန်းကိုလှမ်းခေါ်လိုက်တော့ ကိုယ်လက်သန့်စင်ပေးဖို့ အပျိုတော်တွေပါ တစ်ခါတည်းပါလာပြီး ကိုယ်လက်သန့်စင် ပေးကြသည်။

ခဏလောက်နေတော့ မနက်စာအတွက်ပြင်ဆင်ပြီး လာပို့ကြသည်။

"လီဟွန်း ဒီနေ့မနက်စာက အသားမပါဘူးလား"

"အသားမပါတာမဟုတ်ပါဘူးဗျ ကြင်ယာတော် စားလို့မရတာပါ"

"ငါက? ဘာဖြစ်‌လို့လဲ ဘာလို့စားလို့မရ ရတာလဲ??"

𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-1} II (Completed)✓ IIWhere stories live. Discover now