♡26♡

1.6K 249 46
                                    

Unicode

"မင် ဒီကိုတစ်ယောက်တည်းလာချင်တာ အဲ့ယန်းဆိုတဲ့သူနဲ့‌ ဖောက်ပြန်ချင်လို့လား!!!"

"ဟမ်? မောင်ဘာတွေပြောနေတာလဲ?"

"မင် ဒီကိုမောင်မပါဘဲလာချင်တာ အဲ့ကောင်နဲ့ ဖောက်ပြန်မလို့လားလို့!!!"

ဂျောင်ကုစကားအဆုံးမှာတော့ ဂျီမင်းဘက်က ဘာသံမှထွက်မလာခဲ့ပေ ။

"မေးနေတာဖြေလေ ဖြေလို့!!"

ဂျီမင်းပုခုံးကို အကြမ်းပတမ်းဆွဲရမ်းကာ မေးနေသောဂျောင်ကု ၊ ဂျီမင်းရဲ့မျက်လုံးအိမ်ထဲမှာတော့ အရည်ကြည်တွေလဲ့နေသည် ။

မင့်ကို အဲ့လောက်တောင် မယုံကြည်ဘူးလား?? ဖောက်ပြန်တယ်လို့တောင် သံသယဝင်နေပြီလား??

"မင် မဖြေဘူးလား ၊ ရတယ် မဖြေနဲ့ အဲ့ယန်းဆိုတဲ့သူကို သွားသတ်မယ်!!!"

ဂျောင်ကု သူ့လက်စွဲဓါးကို ဆွဲထုတ်ပြီး ယန်းနဲ့တွေ့ခဲ့တဲ့နေရာကို ပြန်သွားမယ်လုပ်တော့ နောက်ကနေ ဝတ်ရုံစကို လာဆွဲ‌တဲ့ဂျီမင်း ။

"ဘာလဲ ? မင်ဘာပြောချင်နေတာလဲ?"

ဂျီမင်းခေါင်းသာယမ်းပြသည် ။

"သူ့ကိုသတ်မှာစိုးလို့ တာ‌းနေတာလား??"

ဂျီမင်း ဂျောင်ကုမျက်နှာကိုသာတည့်တည့်စိုက်ကြည့်ပြီး ခေါင်းယမ်းနေဆဲပင် ။

"ဘာတွေလဲကွာ!! မင် မောင့်ကိုအမှန်တိုင်းပြော သူနဲ့မင်ကဘာတွေလဲလို့!!!! ကောင်းပြီ မဖြေနဲ့ ခင်ဗျားမ‌ဖြေနဲ့ ကျွန်တော်ကတော့ ခင်ဗျားကို ယုံကြည်ထားလိုက်ရတာ ၊ သူများတွေပြောတာတောင် မယုံခဲ့ဘူး ၊ ခုတော့ကျွန်တော်မျက်လုံးနဲ့ မြင်လိုက်ရမှ ယုံတော့တယ် ၊ သူတို့ပြောတာတွေမှန်နေတာ ခင်ဗျားက သစ္စာမဲ့တဲ့လူတစ်ယောက်ပဲ"

ဂျီမင်း ဂျောင်ကုရဲ့ ဝတ်ရုံစကို ဆွဲထားတဲ့လက်ကို လွှတ်ချလိုက်ပြီး မြေ‌ပြင်ပေါ်ကိုထိုင်ချလိုက်သည် ။

မျက်လုံးထဲက မျက်ရည်တွေတော့ တရစပ်ကျနေဆဲပင် ။

"ဘာလို့ငိုနေရပြန်တာလဲ!ဘာလဲ ခင်ဗျားရဲ့ကောင်ကိုကျွန်တော်က သတ်မယ်ဆိုလို့လား?? ခင်ဗျားမဖြေဘူးနော်•••

𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-1} II (Completed)✓ IIKde žijí příběhy. Začni objevovat