♡3(하나)♡

2.2K 319 38
                                    

Unicode

"အမလေး!!"

ခွမ်း ခလွပ် လွပ်လွပ်

"ဟို ကျွန်တော်တောင်းပန်ပါတယ်ခဗျ"

ကျွန်တော် Time Travelဖြစ်ပြီး နန်းဆောင်ထဲမှာ နေနေရတာ ဒီနေ့နဲ့ဆို တစ်ပတ်ကျော်နေပြီလေ ကျွန်တော်လည်း လူပဲဗျ နန်းဆောင်ထဲအမြဲတော့ဘယ်နေနိုင်ပါမလဲ လီဟွန်းကလည်း ကျွန်တော်ကျန်းမာရေးမကောင်းသေးဘူးဆိုပြီး အပြင်ထွက်ဖို့အမြဲတားနေတာ အဲ့ဒါ ခုသူမရှိခင် အလစ်ထွက်လာရင်းနဲ့ လူတစ်ယောက်နဲ့ဝင်တိုက်မိပြီး သူ့ပါလာတာ ဖန်အိုးလေးကျကွဲသွားလို့တောင်းပန်နေတာ...အဲ့ဒီလူက ကျွန်တော်ကိုမြင်တော့ တစ်ကိုယ်လုံးတုန်နေတယ် ပြီ‌းတော့ သူလည်းမမှားပဲ တောင်းပန်နေတယ်

"ဟင် ကြင်ယာတော်!! စိုးရွံ့မိပါတယ် ကျွန်တော်မျိုး ဂျောင်ဟိုဆော့ အပြစ်လုပ်မိပါတယ် ကြင်ယာတော်ကြိုက်တဲ့ပြစ်ဒဏ်ကိုပေးပါ"

"ဗျာ?? မဟုတ် မဟုတ်ဘူးလေ ကျွန်တော်က ဝင်တိုက်မိတာပါ ကျွန်တော်တောင်းပန်ရမှာပါ ထ ထပါဗျာ"

"ကြင်ယာတော် ကြင်ယာတော်!!!

ဂျီမင်းနောက်လှည့်ကြည့်လိုက် အမောတကောနဲ့ပြေးလာပြီး အသံဗြဲကြီးနဲ့အော်လာတဲ့ လီဟွန်း။

"ဘာ ဘာတုန်း??"

"ဟောဟဲ ဟောဟဲ ကြင် ကြင်ယာတော် ကျန်းမာရေးလည်း မကောင်းသေးပဲနဲ့ ဘာလို့နန်းဆောင်အပြင်ထွက်နေရတာလဲ???"

"ဪ..လေကောင်းလေသန့်ထွက်ရှူရုံလေးပါ နန်းဆောင်ထဲကြ မွန်းကြပ်လွန်းလို့ပါကွာ ငါ့ကိုအမောတကောလာ‌လှမ်းအော်တာ ဒါပြောမလို့လား"

"အာ..ကြင်ယာတော်ကို အရှင်မင်းကြီး အခစားဝင်ခိုင်းလိုက်ပါတယ်"

ဂျီမင်း လီဟွန်းနဲ့စကားပြောနေတုန်း ခုနက ‌တိုက်မိတဲ့တစ်ယောက်ဘက် လှည့်ကြည့်လိုက်တော့ ကျုံ့ကျုံ့လေးထိုင်ပြီး ဖန်ကွဲစတွေကို ထိုင်ကောက်နေလေသည်။

"ဟာ...ခဗျားကလည်း လက်တွေရှ‌ကုန်တော့မှာပဲ ထထ ထပါဗျာ လီဟွန်း! မီး‌ဖိုဆောင်ဘက်က အစေခံတွေကို ဒါတွေရှင်းခိုင်းလိုက် အမှိုက်ရှင်းတဲ့ဟာနဲ့ ရှင်းခိုင်းနော် လက်တွေနဲ့မကောက်ခိုင်းနဲ့ တော်ကြာရှကုန်မယ် ပြီးတော့ သူ့ရဲ့ဖန်အိုး ကျကွဲတာငါ့ကြောင့် အဲ့တော့သူ့ဖန်အိုးနဲ့တူတဲ့ပုံစံ ပြန်ဝယ်ပေးလိုက်ပါ ဒါမှမဟုတ် တန်ဖိုးကို ပြန်ပေးလိုက်ပါ မင်းခုနကပြောတာ ဘာ??"

𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-1} II (Completed)✓ IIWhere stories live. Discover now