Unicode
{ကြင်ယာတော်ပြိုင်ပွဲစတင်ပါပြီ!!!!!}
ဂျောင်ကုရဲ့ အထိန်းတော်ကြီး အော်လိုက်သည်နှင့် နန်းဆောင်အတွင်းရှိ ကြင်ယာေတာ်ယှဉ်ပြိုင်ကြသူများ လှုပ်လှုပ်ရွရွဖြစ်လာကြသည် ။
ပလ္လင်ပေါ်ကဂျောင်ကုကတော့ ဂျီမင်းကိုသူ့ဘေးနားထိုင်ခိုင်းထားပြီး ဂျီမင်းလက်ကိုကိုင်ထားကာ မိန့်မိန့်ကြီးထိုင်နေသည် ။
"မောင် မသင့်တော်ဘူးထင်တယ် လွှတ်ဦး"
နှစ်ကိုယ်ကြားလေးသံလေးနဲ့ပြောလိုက်တဲ့ဂျီမင်း ၊ ကိုင်ထားတဲ့လက်ကိုလည်းအတင်းရုန်းနေသည် ။
"အရှင် အခုလို ကြင်ယာတော်တစ်ယောက်ကို ဘေးချင်းကပ်ထိုင်ခိုင်းထားတာမသင့်တော်ဘူးထင်တယ် ၊ ပြီးတော့ လက်ကိုင်ထားတာရောပဲ"
ပလ္လင်တစ်ဆင့်နှိမ့်တဲ့ မိဖုရားခုံမှာထိုင်နေတဲ့ ယွန်ဟာနာက ဂျောင်ကုတို့လုပ်နေတဲ့ပုံစံေကြာင့်မကျေမချမ်းတွေဖြစ်နေသည် ။
ရှေ့က ကြင်ယာတော်အရွေးခံတွေကလည်း တိုးတိုး တိုးတိုးနှင့် ယွန်ဟာနာကိုကြည့်ပြီး မဲ့ရွဲ့ကာပြောနေကြသည် ။
ဘယ်လိုကြီးလဲ ၊ အရှင်က မိဖုရားထက်အဆင့်နှိမ့်တဲ့ကြင်ယာတော်တစ်ပါးကို သူ့ဘေးနားထိုင်ခိုင်းထားပြီး မိဖုရားတစ်ပါးကိုကြ အနှိမ့်မှာထိုင်ခိုင်းရတယ်လို့?
ဟဲ့ နင်မမြင်ဖူးလား ! အရှင်နဲ့ကြင်ယာတော် တစ်ယောက်လက်တစ်ယောက်ကိုင်ထားကြတယ်လေ ၊ ငါထင်တာတော့ အရှင်ကကြင်ယာတော်ပဲချစ်တယ်ထင်တယ်?
အင်း ဖြစ်နိုင်တယ်နော် ၊ အို သနားစရာမိဖုရားငယ် ကျွတ်ကျွတ်!!
ယွန်ဟာနာကို တစ်ချက်ကြည့်ပြီး ဂျောင်ကုက ဂျီမင်းလက်ကိုပိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည် ။
"ကိုယ့်ကြင်ယာတော်လက်ကို ကိုင်ပြီးထိုင်နေတာဘာမသင့်တော်စရာအကြောင်းရှိလဲ?? ကဲ ပြိုင်ပွဲစတင်လို့ရပြီ!!"
ဂျီမင်းကတော့ ဘေးနားထိုင်ပြီး ယွန်ဟာနာကို မျက်နှာတွေပူနေသည် ။
"ပထမအဆင့်အနေနဲ့ စာပေရေးရာ ၊ ဗဟုသုတရေးရာကို ပြိုင်ဆိုင်ကြရမှာဖြစ်တယ်! မေးခွန်း အခု၃၀ကိုေြဖရမယ် ၊ တစ်ခုမှန်တိုင်း (၁)မှတ်ရမယ်!! ပထမဆုံး ဟန်တိုင်းပြည်က မင်းသမီးဟန် အရင်ယှဉ်ပြိုင်ရမယ် ၊ နောက်အလှည့်ကြယှဉ်ပြိုင်မယ်"
YOU ARE READING
𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-1} II (Completed)✓ II