♡19♡

1.8K 240 54
                                    

Unicode

"မိဖုရားကြီးချွဲ သေတာ သူ့ရောဂါနဲ့မဟုတ်လောက်ဘူး"

ခုနက မျက်လုံးမှိတ်ပြီး ဘာမှဝင်မပြောတဲ့ ယွန်ဂီက တိတ်ဆိတ်သွားတော့မှ ရုတ်တရပ်‌ပြောလိုက်တဲ့ စကား ၊ အကုန်လုံးက ယွန်ဂီကိုနားမလည်တဲ့မျက်လုံးတွေနဲ့ဝိုင်းကြည့် နေကြသည် ။

"ငါကိုယ်တိုင်ကနန်းတွင်းသမားတော် တစ်ယောက်ပါ လူတစ်ယောက်ဘာနဲ့သေတယ်မသေဘူးဆိုတာ ငါသေချာသိနိုင်ပါတယ်"

အားလုံးက စိတ်ဝင်စားနေတဲ့ ပုံစံနှင့်ပင် ၊ ယွန်ဂီလည်း သူ့စကားကိုဆက်လိုက်သည် ။

"မိဖုရားကြီးချွဲက သူ့ရောဂါနဲ့သေတာမဖြစ်နိုင်ဘူး"

"hyungက ဘာကိုပြောချင်တာလဲ ၊ အသတ်ခံရတယ်လို့ပြောချင်တာလား??"

ယွန်ဂီစကားကိုမေးခွန်းထုတ်လိုက်တဲ့ ထယ်ယောင်း ။

"ငါထင်တာတော့အဲ့လိုပဲထင်တယ် ၊ မိဖုရားကြီးချွဲက သူ့ရောဂါနဲ့သာ သေတယ်ဆိုရင် သူ့သေချိန်မှမတန်သေးပဲ ၊ အခုက.."

"ဒါဆို မိဖုရားကြီးချွဲကိုဘယ်သူကသတ်မှာလဲ?? hyungကဘယ်သူလို့ထင်လို့လဲ??"

"ငါ့အနေနဲ့ ဘယ်သူဘယ်ဝါကတရားခံပါ‌ဆိုပြီး အတိအကျမပြောပါဘူး ၊ ငါကိုယ်တိုင်လည်း အသေအချာမသိဘူးလေ"

တစ်ဖန်ပြန်တိတ်ဆိတ်သွားတဲ့ ကင်အိမ်တော်ရဲ့ ဧည့်ဆောင် ။

"ဪ အသတ်ခံရတယ်ဆိုလို့ ဒါနဲ့ မောင် လီဟွန်းကိုသတ်တဲ့ တရားခံကိုသိရပြီလားဟင်??"

ကင်အိမ်တော်ရောက်ကတည်းက စကားတစ်ခွန်းမှကိုဝင်မပြောခဲ့တဲ့ ဂျီမင်းက ဂျောင်ကုကို လီဟွန်းအကြောင်းမေးလိုက်ခြင်းပင် ။

"ဟင့်အင်း လီဟွန်းရဲ့ရုပ်အလောင်းတောင် အစအနမရှိပျောက်သွားခဲ့တာဆိုတော့ တရားခံကိုရှာဖို့ကတော်တော်ခက်နေတယ် ၊ သိပ်လည်းအတွေးထဲထည့်မထားပါနဲ့ မင်ရယ် မောင်လည်း အတတ်နိုင်ဆုံး စုံစမ်းခိုင်းထားပါတယ်"

ဂျီမင်းငြိမ်သွားပြီး ဂျောင်ကုကိုခေါင်းလေးပဲငြိမ့်ပြလိုက်သည်။

"အ‌မယ် နေပါဦး မင်းတို့က အချိန်ခဏလေးအတွင်းမှာ မောင်တွေ မင်တွေဖြစ်ကုန်ကြပြီလား??"

𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-1} II (Completed)✓ IIDonde viven las historias. Descúbrelo ahora