♡8♡

1.9K 286 47
                                    

Unicode

"မှန်လှပါ မင်းကြီး ၊ ကျွန‌်တော်‌တို့ကုန်သွယ်ရေးတွေ အကုန်အဆင်ပြေနေပေမဲ့ အရင်က လိုက်နှောင့်ယှက်ခဲ့တဲ့သူတွေကို နောက်ကွယ်က ကြိုးကိုင်ထားတဲ့တရားခံကိုသိရပါပြီ"

"တရားခံက ဘယ်သူလဲ?"

"ကျွန်တော်တို့ စုံစမ်းမိရသလောက်ကတော့ နောက်ကွယ်က ကြိုးကိုင်နေတဲ့တရားခံက ကြင်ယာတော်ပတ်ခ်ပါ"

"ဘယ်လို!!!! မဖြစ်နိုင်တာ...ထားပါတော့ အမတ်ထယ် ဒီလိုကိစ္စတွေအကုန်လုံးကိုတော့ ကြင်ယာတော်တစ်ယောက်တည်းလုပ်တာမဖြစ်နိုင်လောက်ဘူး ၊ ကူညီပေးတဲ့သူ‌ေနာက်တစ်ယောက်တော့ရှိရမယ် ၊ အမတ်ထယ် ထပ်စုံစမ်းလိုက်ပါဦး"

"မှန်လှပါ အရှင် ၊ ကျွန်တော်လည်း ခန့်မှန်းမိလို့ ထပ်စုံစမ်းခိုင်းထားပါတယ်"

ထယ်ယောင်းထွက်သွားတော့ ဂျောင်ကုလည်း သူ့အထိန်း‌ေတာ်ကြီးကိုခေါ်လိုက်သည်။

"အမဲလိုက်ပြိုင်ပွဲ မနက်ဖြန်လုပ်ဖို့ပြင်ထားလိုက်တော့"

"ဗျာ...အခုချိန်က"

"အထိန်းတော်ကြီး ဘာမှအတွန့်မတက်ပါနဲ့ ကျွန်တော်ခိုင်းတာကိုသာ ပြီးအောင်ပြင်ဆင်ထားလိုက်ပါ နန်းတွင်းကိုလည်း အသိပေးထားလိုက်ပါ"

"မှန်လှပါအရှင်"

ကြင်ယာတော်ပတ်ခ် မင်းကပဲ ငါ့ကိုဆက်လိမ်နိုင်မလား ငါက မင်းအကြောင်းကို ဖော်ထုတ်နိုင်မလား?? မင်းနဲ့ငါနဲ့ပြိုင်ပွဲမနက်ဖြန်ကနေစပြီ။

"ကြင်ယာတော် !!! အမဲလိုက်ပြိုင်ပွဲမနက်ဖြန်လုပ်တော့မယ်!!!"

"ဟင် အမဲလိုက်ပြိုင်ပွဲ အဲ့ဒါဘာလဲ?"

"ကြင်ယာ‌ေတာ်မသိဘူးလား!! တိရစ္ဆာန်တွေကို အမဲလိုက်ရတာလေ အကောင်အကြီးဆုံးရတဲ့သူက အနိုင်ရတာလေ"

"ဟမ်!! ငါမှအမဲမလိုက်ဖူးဘဲကို"

"ထင်သားပဲ ကြင်ယာတော်ကအရင်ကကြင်ယာတော်မှမဟုတ်တာ ၊

အရင်ကကြင်ယာတော်ဆို ပြေးနေတဲ့သမင်ကိုတော့ မြှားသွားချက်ထိအောင်ပစ်နိုင်တယ် အဲ့ဒါကြောင့် အမဲလိုက်ပြိုင်ပွဲဆိုရင်ကြင်ယာတော်ပဲ အမြဲနိုင်နေကြ"

𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-1} II (Completed)✓ IIDonde viven las historias. Descúbrelo ahora