Unicode
"တော်တော် နောက်မှပြောမယ် ဟိုမှာဂျီမင်းတို့လာနေပြီ"
"ဂျင်hyungဒီမှာ မုန့်ဝယ်လာတယ် ဒါတွေစားဖို့ထည့်ပေးဦး"
"အေး လာလာ"
ဂျီမင်းနဲ့ထယ်ယောင်း မုန့်ဝယ်ပြန်လာတော့ ထယ်ယောင်းက ဂျင်နဲ့အတူ မုန့်ထည့်ဖို့ စားဖိုဆောင်ထဲလိုက်သွားသည် ၊ ဂျီမင်းကတော့ ဂျောင်ကု လက်နှစ်ဘက်ဆန့်တန်းပြီး သူ့ပေါင်ပေါ်လာထိုင်ခိုင်းလို့ သွားထိုင်နေလိုက်သည် ။
ဂျီမင်း ဂျောင်ကုပေါင်ပေါ်ရောက်ရောက်ချင်း ထိရုံမျှအနမ်းပေးလိုက်သည် ။
"မင် ဘယ်တွေသွားေသးတာလဲ??"
"မုန့်ပဲဝယ်ပြီး ပြန်လာတာလေ"
"ဘာတွေဝယ်စားခဲ့လဲ??"
"ဘာမှမစားခဲ့ဘူး ဒါလေးအခုမှစားမလို့"
ဂျီမင်းသူ့လက်ထဲ အနီရောင်ချိုချဉ်လုံးတုတ်လေးကို ထောင်ပြလိုက်သည် ။
"အခုမှစားမှာဟုတ်လို့လား??"
"ဟုတ်ပါတယ်"
"မင် မောင့်ကိုမလိမ်နဲ့နော် အမှန်တိုင်းပြော အဲ့ချိုချဉ်ဘယ်နှစ်ခုရှိေနပြီလဲစားထားတာ"
"ခုမှစားမှာပါဆို"
"ဒါဆို မင်က မင့်နှုတ်ခမ်းကို သကာရည်အိုးလိုက်လောင်းချထားတာလား မောင့်ကိုလာနမ်းတာ အရသာခံကြည့်တော့ချိုအီနေတာပဲ"
"ဟီးးး•••"
"ပြော ဘယ်နှစ်ခုရှိပြီလဲ"
ဂျီမင်း သူ့လက်သေးသေးလေးတွေနဲ့ လက်(၃)ချောင်းထောင်ပြလိုက်သည် ၊ ချိုချဉ်လုံး(၄)လုံးပါတဲ့ တုတ်ချောင်း(၃)ချောင်းရှိပြီဆိုတဲ့သဘော ။
"ဟာ!!!...အဲ့လောက်အများကြီးစားထားတာ ချောင်းတွေဆိုးကုန်တော့မှာပဲ မင်ကလေ ကလေးလည်းမဟုတ်ပဲနဲ့ လိုက်ပြောနေရတယ်"
"မများပါဘူး မောင်ကလည်း (၁၁)လုံးပဲစားထားတာပါ ထယ်ယောင်းတောင်းစားလို့ တစ်လုံးကြီးများတောင် ကျွေးလိုက်တာလေ နော်"
"အဲ~ တစ်လုံးကြီးများတောင် ကျွေးလိုက်တယ်ပေါ့ ဪ ကျွေးလိုက်တာ များမနေလွန်းဘူးလားဟင် မင်"
VOCÊ ESTÁ LENDO
𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-1} II (Completed)✓ II