Unicode
"ရော့ မင်းကိုပေးတာ"
သခင်ေလးယန်းရှေ့ကို ရုတ်တရပ်ဆန်စွာရောက်လာတဲ့အရာကြောင့် ထိုနန်းဆောင်မှာရှိနေတဲ့သူတွေ အကုန်လုံး အံ့ဩမှင်သက်သော မျက်လုံးတွေတစ်ပြိုင်နက်တည်းပေါ်လာခဲ့ကြသည် ။
ပန်းစည်းလား?? သခင်လေးယန်းကို ကြင်ယာတော်အရာပေးခဲ့မယ်ထင်ခဲ့ကြတာ ။
"မင်းက ဒါနဲ့ေြဖသိမ့်လိုက်နော် ၊ ဒါက ရော့ မင်းကိုပေးတာ"
ဂျောင်ကု သခင်လေးယန်း လက်ထဲပန်းစည်းထိုးပေးလိုက်ပြီး ကျန်တဲ့ပန်းတစ်ပွင့်ကိုတော့ သခင်မလေးဟွန်းကို လှမ်းပေးလိုက်သည် ။
"ဂုဏ်ပြုပါတယ် သခင်မလေးဟွန်းကနေ ကြင်ယာတော်ဟွန်းအရာကိုရရှိသွားပါပြီ!!!"
ပန်းပေးခံရတာချင်းအတူတူတောင် မျက်နှာထားချင်းကတော့ ကွာခြားသွားလေသည် ၊
သခင်လေးယန်း မျက်လံုးအိမ်ကနေမျက်ရည်တွေဝဲတက်လာခဲ့သည် ၊ ပန်းစည်းကို ကိုင်တာ ထွက်မသွားခင်ပြောသွားတဲ့စကားတစ်ခွန်းက ဂျောင်ကုအတွေးများစေခဲ့သည် ။
"အရှင် နောင်တမရတာ သေချာရင် ကျွန်တော်မျိုးကျေနပ်ပါပြီ"
ထိုစကားတစ်ခွန်းကိုပြောပြီး အရိုအသေပေးကာ ထွက်သွားခဲ့သည် ။
ဘေးနားမှာရှိနေတဲ့ ဂျီမင်းကတော့ ဂျောင်ကုကိုနားမလည်နိုင်စွာ ထွက်သွားတဲ့ သခင်လေးယန်းကို တွေတွေလေးစိုက်ကြည့်နေမိသည် ။
သူတကယ် ဂျောင်ကုကို နားမလည်နိုင်တော့ပါ...
ကြင်ယာတော်အရာကို လူအများစုက သခင်လေးယန်းရမည်ထင်ခဲ့ကြတာ ၊ သခင်လေးယန်းက ဒီပြိုင်ပွဲမှာ အတော်ကိုကြိုးစားခဲ့တာ သိသာသည် ၊ ဂျောင်ကုဘာလို့ သူ့ကို မရွေးခဲ့ရတာလဲ??
"ဒါကတော့ ကြင်ယာတော်ဟွန်းရဲ့ နန်းဆောင်ပါ"
ကြင်ယာတော်ရွေးပွဲအားလုံးပြီးမြောက်သွားတော့ ဂျောင်ကုရွေးချယ်ခဲ့တာက မိန်းကလေးတစ်ယောက်ကို??
"အင်း ငါသိပြီမလို့ မင်းသွားတော့"
အပျိုတော်တစ်ယောက် နန်းဆောင်ကိုပြပေးပြီးတော့ ထွက်သွားခိုင်းလိုက်သည် ၊ နန်းဆောင်ထဲဝင်ပြီး အသေးစိတ်ကျစွာ လိုက်ကြည့်နေလိုက်သည် ။
BINABASA MO ANG
𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-1} II (Completed)✓ II