Unicode
"ကြင်ယာတော် ဘယ်သူ့ကိုရှာနေတာလဲ"
ဂျီမင်း အသံကြားလို့နောက်လှည့်ကြည့်လိုက်တော့။
"ဪ ခဗျား"
"ကြင်ယာတော်က ကျွန်တော်ကိုမှတ်မိတာလား??"
"မှတ်မိတာပေါ့ ကျွန်တော်ကြောင့် ခဗျားဖန်အိုးလေးကွဲသွားတယ်လေ"
"အာ..မဟုတ်တာပဲ ကြင်ယာတော်ပြန်ဝယ်ပေးတာပဲကို ဒါနဲ့ကြင်ယာတော် ခုနကဘယ်သူ့ကိုရှာနေတာလဲ?"
"ဪ နမ်ဂျွန်းhyungကိုရှာနေတာပါ စာအုပ်ငှားထားတာလေးပြန်ပေးမလို့လေ"
"နမ်ဂျွန်းhyung? အာ...နမ်ဂျွန်းhyungက ဟိုစာအုပ်တန်းရဲ့ဘေးကခံုနားေလးမှာ စာဖတ်နေမယ်ထင်တယ်"
ဂျီမင်း ဟိုဆော့ပြောတဲ့နေရာဘက်လှမ်းကြည့်လိုက်ေတာ့ စာအုပ်တန်းတွေမှအများကြီး၊ သူပြောတာက ဟိုစာအုပ်တန်းနားမှာတဲ့ လူကမှ အနာရှိန်နဲ့ခြေထောက်နာနေပါတယ်ဆို၊ ဘယ်လိုအချိန်ကြာကြီးလိုက်ရှာလို့ရပါမလဲ...။
"ဒါနဲ့ ခဗျားနာမည် ဂျောင်ဟို..."
"ဂျောင်ဟိုဆော့ပါဗျ"
"ဪ အင်းဟုတ်တယ် ခဗျားဒီစာပေဌာနမှာ အလုပ်လုပ်တာတော့သိတယ် ဘာရာထူးနဲ့လဲ??"
"စာပေဌာနရဲ့ အငယ်တန်းစာရေးဆရာပါ"
"အာ...ဟိုဆော့hyungလို့ပဲခေါ်မယ်နော်"
"ရပါတယ် ကြင်ယာတော်နှစ်သက်သလိုခေါ်ပါ"
"အဲ့ဒါဆို ဟိုဆော့hyung ကျွန်တော်ကို နမ်ဂျွန်းhyungဆီလိုက်ပို့ပေးပါလား? စာအုပ်တန်းတွေကအများကြီးပဲ ပြီးတော့ ခြေထောက်ကလည်း နာနေတော့ အကြာကြီးမရှာနိုင်လို့ပါ"
"ရပါတယ် ကြင်ယာတော် ဒီလမ်းကြွပါ"
နမ်ဂျွန်းစာဖတ်နေတုန်း ဟိုဆော့အသံကိုကြားတော့ မော့ကြည့်လိုက်သည်။
"ဟေး ဟိုဆော့ ငါမင်းကိုပြောစရာရှိလို့ အခုပဲလာခေါ်တော့မလို့"
နမ်ဂျွန်း ဟိုဆော့ဘေးမှာပါလာတဲ့ ကြင်ယာတော်ကိုမြင်တော့ နားမလည်သလိုလှမ်းကြည့်လိုက်ပြီး။
YOU ARE READING
𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-1} II (Completed)✓ II