♡5♡

2.1K 306 62
                                    

Unicode

"အဟမ်း!! ကြင်ယာတော်ပတ်ခ် ခုနတုန်းက ဘာပြောလိုက်တာ"

ရုတ်တရပ်ဆန်စွာ ဝင်ရောက်လာတဲ့ ရင်းနှီးနေတဲ့အသံကြောင့် ဂျီမင်းထိတ်လန့်သွားသည်။

"ဟင် ခင်ဗျား!!! သ သမားတော်မင်"

"ကြင်ယာတော် ခုနက ပြောလိုက်တဲ့စကားကို အရှင်မင်းကြီးသာ ကြားသွားခဲ့ရင် အမျက်ဒေါသထွက်သွားနိုင်ပါတယ်"

"အဲ့ အဲ့ဒါဆိုလည်း အဲ့ဒီစကားကို သမားတော်မင်က မကြားခဲ့သလိုပဲ သတ်မှတ်ပေးပေါ့"

"စိတ်ချပါ ကျွန်တော်မျိုးက သူများအကြောင်းကို ပြောရတာ ဝါသနာမပါ ပါဘူး"

"အမ်း ကောင်းပါတယ် ဒါနဲ့ သမားတော်မင် ဒီကိုဘာလာလုပ်တာ??"

"မယ်မယ်ကြီးက ကြင်ယာတော်ရဲ့ကျန်းမာရေးအခြေအနေစစ်ခိုင်းပေးဖို့ အခေါ်တော်လွှတ်လိုက်လို့ ရောက်လာတာပါ"

"ဪ ကျွန်တော်ကျန်းမာရေး‌ဆိုရင်တော့ ကျွန်တော်အဆင်ပြေနေပါပြီ စစ်စရာမလိုလောက်တော့ပါဘူး"

"ဒါပေမဲ့ မယ်မယ်ကြီး အမိန့်ပေးထားတာဆို‌တော့ သေချာအောင် ကျွန်တော်မျိုးစစ်ပေးပါရစေ"

"အာ...ရပါတယ် စစ်ပါ"

သမားတော်မင် ၁၅မိနစ်လောက်စစ်အပြီး။

"ကျွန်တော်မျိုးအကုန်စစ်ပေးပြီးသွားပြီမလို့ မယ်မယ်ကြီးကို အခြေအနေသွားလျှောက်လိုက်ပါဦးမယ် ကျွန်တော်မျိုးကိုသွားခွင့်ပြုပါဦး"

"ရပါတယ် သွားပါ"

သမားတော်မင် ထွက်သွားခါနီး ကြင်ယာတော်ကို မယ်မယ်ကြီးက အခစားဝင်ခိုင်းလိုက်ပါတယ် ဆိုတဲ့စကားကြောင့် ဂျီမင်းလည်း လီဟွန်းနဲ့ခဏ စကားပြောပြီး မိဖုရားခေါင်ကြီး နန်းဆောင်ဘက်ထွက်လာခဲ့လိုက်သည်။

"မယ်မယ်ကြီးကို ကျွန်တော်မျိုး အရိုအသေပေးပါတယ်"

"ထပါ ကြင်ယာတော် နေထိုင်လို့ကောင်းရဲ့လား??"

"မှန်လှပါ ကျွန်တော်မျိုးအဆင်ပြေပါတယ်"

"ဒါနဲ့ ကြင်ယာတော် အတိတ်ကိုရော ပြန်သတိရလာပြီလား??"

𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-1} II (Completed)✓ IIWo Geschichten leben. Entdecke jetzt