♡9♡

1.9K 287 39
                                    

Unicode

"မယ်မယ်ကြီး ကတိစကားကို မေ့‌သွားပြီထင်တယ်"

မိဖုရားခေါင်ကြီး မျက်ခုံးပင့်ပြလိုက်တော့။

"အခု ကျွန်တော်မျိုးတို့ တစ်ဦးတည်းသောသမီးလေးလည်း အရွယ်ရောက်နေပြီဆိုတော့ အရှင်မင်းကြီးကို တော်ကောက်ခိုင်းဖို့ နှိုးဆော်ပေးပါ"

"တော်ကောက်ခိုင်းရမယ် ၊ မဖြစ်နိုင်ဘူးထင်တာပဲ ၊ ငါပေးခဲ့တဲ့ကတိထဲမှာ မင်းတို့ဆန္ဒ‌ဖြည့်ဆည်းပေးမယ်လို့ပြောခဲ့တာလေ ၊ ဒီလိုတောင်းဆိုမယ်ဆိုတာ ငါမှမသိခဲ့ပဲ"

"မယ်မယ်ကြီးက တိုင်းပြည်ရဲ့မိဖုရားခေါင်ကြီးတစ်ယောက်ပါ ၊ ကိုယ်ပေးထားတဲ့ကတိစကားကိုတော့ ပြန်မဖျက်ဘူးလို့မျှော်လင့်ပါတယ် ၊ ပြီးတော့ ကျွန်တော်တို့ ဖုံးကွယ်ပေးထားတဲ့ကိစ္စက..."

"မင်း မင်းတို့တော်တော့ ၊ မင်းတို့တောင်းဆိုမှုကို ငါ ငါစဉ်းစားပေးထားမယ်"

"မယ်မယ်ကြီးဆီက ဝမ်းသာစရာသတင်းပဲ မျှော်လင့်ပါတယ် မဟုတ်လို့ကတော့"

"မင်းတို့ကို တော်တော့လို့ပြေ‌ာနေတယ်လေ!!! ဟုတ်ပြီ ငါ မင်းတို့တောင်းဆိုမှုကိုလက်ခံတယ်"

"ကျေးဇူးကြီးမားပါတယ် ၊ ဒါဆိုကျွန်တော်တို့ကိုသွားခွင့်ပြုပါဦး"

*ကျေးဇူး* အဲ့ဒီစကားလုံးက အများကြီးအန္တရာယ်ရှိတယ်ဆိုတာကို မိဖုရားခေါင်ကြီး သိရှိသွားသည်။

"အရှင် မယ်မယ်ကြီး အခေါ်တော်လွှတ်လိုက်လို့ပါ"

တိုင်းတစ်ပါးက သဝဏ်လွှာတွေကို ဂျောင်ကုကြည့်နေရင်း အထိန်းတော်ကြီး စကားကိုခေါင်းငြိမ့်ပြလိုက်သည်။

"မြေးတော် ဘွားတော် မင်းကို အခေါ်တော်လွှတ်လိုက်ရတာက ပြောစရာရှိလို့ပါ"

"ပြောပါ ဘွားတော် မြေးတော်နားထောင်နေပါတယ်"

မိဖုရားခေါင်ကြီး စကားဆက်မပြောသေးဘဲ ဂျောင်ကုမျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်သည် ၊ မျက်လုံးဝိုင်းလေးနဲ့ဆက်ပြောမယ့် စကားကိုစိတ်ဝင်စားသလိုနားထောင်နေတဲ့ ဂျောင်ကုကိုကြည့်ပြီး မိဖုရားခေါင်ကြီး သက်ပျင်းရှည်ကြီးသာ ချနိုင်တော့သည်။

𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-1} II (Completed)✓ IIWhere stories live. Discover now