Unicode
"လီဟွန်း!! မင်းခုနက ပြောတဲ့စကားအဓိပ္ပာယ်က ဘာကိုဆိုလိုတာလဲ??"
"အရှင်!!!"
"ငါမေးနေတယ်လေ ဘာကိုဆိုလိုတာလဲ"
"အဲ့ အဲ့ဒါက ဟိုဟို"
"မေးနေတယ်လေ ဘာကိုဆိုလိုတာလဲလို့!!!"
"အရှင်အဲ့ဒါက"
ဂျီမင်း လီဟွန်းလက်ကိုလှမ်းကိုင်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
"ကျွန်တော် အားလုံးရှင်းပြပါမယ် အရှင် ကျွန်တော်နောက်လိုက်ခဲ့ပါ"
"ကြင်ယာတော် ဖြစ်ပါမလား??"
လီဟွန်းမေးတဲ့အမေးကို ဂျီမင်းအလှဆုံးအပြုံးနဲ့သာ တုံ့ပြန်ခဲ့သည် ၊ နောက်တော့ ဂျောင်ကုလက်ကိုဆွဲပြီး ကြာကန်အိုင်ဘက်ထွက်လာခဲ့ကြသည်။
"အရှင် ကျွန်တော်ပြောပြမှာတွေက ယုံချင်စရာမကောင်းပေမဲ့ နားတော့ထောင်ပေးပါ"
ဂျောင်ကုခေါင်းကိုငြိမ့်ပြလိုက်သည်။
ဂျီမင်းအကြောင်းစုံအကုန်ရှင်းပြပြီးတော့ ဂျောင်ကုကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ဘာလဲ?? သူက မအံ့ဩပါလား??
အင်း ၊ နိုင်ငံရဲ့ဘုရင်တစ်ပါးဆိုတော့လည်း တည်ငြိမ်မှုအပြည့်ရှိ ရှိ...။
"ကြင်ယာတော်ပတ်ခ်မူးလဲတုန်းက ခေါင်းကိုတစ်ခုခုနဲ့တိုက်မိလိုက်တာထင်တယ် ၊ သမားတော်မင်ကိုပြသင့်တယ်"
အရှင်ရယ် ဆုံးအောင်တော့ချီကျူးခွင့်ပေးပါဦး ၊ ကိုယ်ကတော့ သူ့ကိုချီးကျူးနေတာ သူကတော့ကိုယ့်ကို အရှုးတစ်ယောက်လို့ထင်နေသည်။
"ကျွန်တော်ပြောသားပဲ အရှင် ကျွန်တော်ပြောတာကို ယုံချင်မှယုံလိမ့်မယ်လို့"
"မင်းဟာက ယုတ္တိမှမရှိတာကို"
"ဟုတ်ပါတယ် အရှင်ပြောသလိုပဲယုတ္တိမရှိပါဘူး ဒါပေမဲ့ အဲ့ယုတ္တိမရှိတာကပဲ ဖြစ်သွားတယ်လေ"
"နေပါဉီး ဘာလဲ မင်းငါ့ကိုအတည်ကြီးပြောနေတာလား??"
"အရှင် ခုမှအံ့ဩဖို့သတိရတာလား?"
VOUS LISEZ
𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-1} II (Completed)✓ II