Unicode
"ဗျာ!! ကြင်ယာတော်က ကြင်ယာတော်မဟုတ်ဘူး!!!"
"ဟာ...တိုးတိုးပြောပါဟ သူများတွေကြားသွားမှဖြင့်၊ အေး ဟုတ်တယ် ဟုတ်တယ် ငါကငါမဟုတ်ဘူး!!"
"ဟင်! ဒါပေမဲ့ သမားေတာ်မင်ပြောတာတော့ ကြင်ယာတော်က ကြင်ယာတော်ရဲ့အတိတ်ကိုမေ့နေတာဆို?"
"ဟာ ဘယ်ကသာ ငါဘာအတိတ်မှမမေ့ဘူး"
"ဒါဆို ကြင်ယာတော်က ကြင်ယာတော်မဟုတ်ဘူးပေါ့ အဲ့ဆိုလို့ရှိရင် ကြင်ယာတော်က ဘယ်သူတုန်း??"
"ငါကလား?? ငါပြောပြရင် မင်းယုံမှာမဟုတ်လောက်ဘူး၊ ငါက မင်းတို့ရဲ့ နောင်လာမယ့်အနာဂတ်ခေတ် နှစ်ပေါင်း၂၀၀၀ကျော်က လာတာ"
"နှစ်ပေါင်း၂၀၀၀ကျော်??"
မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်သွားတဲ့ လီဟွန်းရယ်ပါ။
"အင်း ဟုတ်တယ်၊ ကဲပါ အဲ့ဒါတွေထားလိုက်တော့ အခု ငါမင်းကိုမေးချင်နေတာက ကြင်ယာတော်ပတ်ခ်အကြောင်း"
"ကြင်ယာတော်အကြောင်း??"
"အေး ကြင်ယာတော်ပတ်ခ်က တော်တော်ကြောက်ဖို့ကောင်းတဲ့သူဆိုတာတော့ ငါသိထားပါတယ်၊ ငါထင်တာမမှားဖူးဆိုရင် ကြင်ယာတော်ပတ်ခ်က ယုတ်မာပြီးစိတ်ထားမကောင်းတဲ့သူ ဖြစ်လောက်တယ်"
ဂျီမင်းက သူထင်ထားတာ ပွင့်လင်းစွာပြောပြလိုက်တော့ အသေအလဲ အမြန်ပိတ်ငြင်းတဲ့လီဟွန်း။
"အာ!! ဘာလို့ကြင်ယာတော်ပတ်ခ်က ယုတ်မာရမှာလဲ??ကြင်ယာတော် အကြောင်းကိုသေသေချာချာမသိပဲနဲ့ မဝေဖန်ပါနဲ့၊ ပြီးတော့ ကြင်ယာတော်က စိတ်ထားမကောင်းတဲ့သူလည်းမဟုတ်ဘူး!! အမှန်တကယ်တကယ်တော့ ကြင်ယာတော်က သနားစရာကောင်းတဲ့သူတစ်ယောက်ပါ"
"ဟမ်!! သနားစရာကောင်းတယ်!!!"
"အင်း ဟုတ်တယ် ကြင်ယာတော်အကြောင်းစုံကို ကျွန်တော်မျိုးအကုန်ပြောပြပါမယ်၊ ကြင်ယာတော်က ဒီနန်းတွင်းကိုစမဝင်ခင်တုန်းက အရမ်းဆင်းရဲတဲ့မိသားစုကနေေမွးဖွားလာတာ၊ ကြင်ယာတော်ရဲ့ ဖခင်က ကြင်ယာတော်ကို အရမ်းချစ်ရှာပါတယ် ချို့တဲ့နေတဲ့ကြားက ကြင်ယာတော် တစ်ခုခုပူဆာတိုင်း အမြဲမရရအောင်ဝယ်ပေးတတ်တယ်၊ ကြင်ယာတော်ရဲ့ မိခင်ကတော့ ဆင်းရဲစွာနေထိုင်ရတော့ ငွေအဿပြာကိုမက်မောတယ်၊ ကြင်ယာတော်က သားအရင်းသာဖြစ်တာ အဿပြာအရမ်းကျပ်တည်းနေတဲ့အချိန် ကြင်ယာတော်ကို ကိုယ်ဝန်စလွယ်ရတော့ မိဘကိုဒုက္ခပေးတဲ့ ကလေးလို့ ကြင်ယာတော်မိခင်က သတ်မှတ်ပြီး ကြင်ယာတော်ကို မဖွားချင်ခဲ့ဘူး၊ ကြင်ယာတော်ရဲ့ဖခင်က သားဦးလေးမလို့ ဖွားပေးပါ၊သူအဿပြာတွေရအောင်ရှာပေးပါမယ်လို့ တောင်းပန်ပြီး ဖွားခိုင်းခဲ့ရတယ်၊
ESTÁS LEYENDO
𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-1} II (Completed)✓ II