Unicode
"အရှင့်ကို အရိုအသေပေးပါတယ် ကျွန်တော်မျိုးမကတော့ အရှင်တော်ကောက်ခြင်းကိုခံရတဲ့ ယွန်ဟာနာပါ"
"အရှင်မင်းကြီး ကျန်းမာပါစေ ၊ မိဖုရားငယ် ကျန်းမာပါစေ"
ထိုအသံတွေကို နန်းတော်အပြင်ဘက်ကပါ ကြားနေရသည်။
"ဟမ်!! မိဖုရားမြှောက်တယ်?"
"မှန်လှပါ ကြင်ယာတော် အရှင်မင်းကြီးကိုယ်တိုင် မိဖုရားမြှောက်ခဲ့တာပါ"
"ဪ..."
ဂျောင်ကု မနေ့ကတောင်ငါနဲ့ အရက် အဲ သေရည်သွားသောက်တုန်းက မပြောခဲ့ပါဘူး ၊ အာ...ငါထင်တာမမှားဘူးဆိုရင် မနေ့ကမူးနေတုန်း ပြောတဲ့စကားတွေက ငါ့ကို မိဖုရားငယ်လို့ထင်ပြီး ပြောနေတာလားမသိဘူး။
"အဲ့ဒါထားလိုက်ပါ ၊ မင်းမနေ့က တစ်ညလုံးဘယ်တွေသွားနေတာလဲ ၊ ငါပြန်လာပြီး အိပ်တဲ့အချိန်ထိမင်းကိုမတွေ့ဘူး ၊ ပြီးတော့ မနက်မှမင်းငါ့ဆီ အမောတကောပြေးလာတယ် ၊ ပြောပါဦး ဘယ်တွေသွားနေလို့လဲ??"
"ကြင်ယာတော် မိဖုရားကြီး ကြွလာပါတယ်"
ဟင်? သူကငါ့ဆီကို??
ဂျီမင်းဝင်ခိုင်းလိုက်တော့ ထိုင်ပါတောင်မပြောရသေးဘူး ၊ သူကထိုင်ပြီး ခြေထာက်ေတာင်ချိတ်ထားသည် ၊ ဂျီမင်းလည်း ဘာမှအငြင်းမပွားချင်တာနဲ့ မပြောပဲဒီတိုင်းနေခိုင်းလိုက်သည်။
"မိဖုရားချွဲ ဒီကိုဘာကိစ္စရှိလို့?"
"အရှင် မိန်းကလေးတစ်ယောက်ကိုတော်ကောက်လိုက်တာ သိပြီးသွားပြီလား?!!"
"အာ သိပါတယ် ဒီထိ ဘာများဖြစ်လို့ အဲ့ကိစ္စကိုလာပြောရတာလဲ?"
"ဪ နင်ဘယ်လိုနေမလဲလာကြည့်တာပါ ၊ ငါက အရှင့်ရဲ့အချစ်တွေအကုန်ရထားတာဆိုတော့ ဒီကိစ္စတွေကို ခေါင်းထဲသိပ်မထည့်ပါဘူး ၊
ပြီးတော့ နောက်ထပ်မိဖုရားရောက်လာတော့ ငါကမိဖုရားကြီးရာထူးတောင်ရသွားပြီလေ ၊
နင်ကတော့ ကြင်ယာတော်အဆင့်ကမတက်တဲ့အပြင် ပြိုင်ဘက်တစ်ယောက်တိုးလာပြီ ၊ အခုနေ နင်ပေါက်များပေါက်ကွဲနေမလားလို့ လာကြည့်တာ"
ESTÁS LEYENDO
𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-1} II (Completed)✓ II