Unicode
"မင်းဘာလာလုပ်တာလဲ"
နန်းဆောင်ထဲတွင် ဂျောင်ကုနဲ့အမည်မသိသူတစ်ယောက် စကားပြောနေကြသည် ၊
"ကောင်းပါပြီ ငါကိုယ်တော်အကူအညီတောင်းပါတယ်"
"မှန်လှပါ ကျွန်ေတာ်မျိုးကို သွားခွင့်ပြုပါဦး"
ဝတ်ရုံအမည်းနဲ့လူထွက်သွားတော့ ဂျောင်ကုလည်း နောက်ထိုင်ခုံပေါ် သက်ပြင်းချပြီးထိုင်လိုက်မိသည် ၊ နန်းတွင်းထဲမှာ လူဖြစ်ရတာ တကယ်မလွယ်တဲ့ကိစ္စပင် ။
.......
"မင့်ကိုမယုံကြည်ဘူးလား!!!"
"မောင်ပြောတာ အဲ့လိုသဘော မဟုတ်ဘူးလေ"
"ဘာလို့မဟုတ်ရမှာလဲ! မောင် မင့်ကိုမသွားခိုင်းဘူးဆိုကတည်းက မယုံကြည်တာပဲမဟုတ်ဘူးလား?!!!"
"မဟုတ်ဘူး မင့်ကို မယုံကြည်လို့ မဟုတ်ဘူး!!"
ရောဂါေတွကြောင့်ရွာေတွသွားကြည့်ဖို့ရာ ဂျောင်ကုကို ဂျီမင်းကိုယ်တိုင်လာတောင်းဆိုတာကြောင့် အံ့တော့အံ့ဩမိသွားသည် ၊ ဟို"H" ဆိုတဲ့သူ ပြောတာ ဂျီမင်းက ဒီမှာနေပြီး ဖောက်ပြန်မယ်လို့ပြောတာမဟုတ်ဘူးလား ။
"ဒါဆိုမသွားခိုင်းတာ အကြောင်းပြချက်ပေး"
ဂျီမင်းကို သူမသွားစေချင်ဘူး ၊ ရောဂါတွေပြန့်နေတဲ့အဲ့လိုနေရာကြီးကိုသူတကယ်မသွားစေချင်ဘူး ၊ သူလိုက်မယ် တူတူသွားမယ်ဆိုတော့ ဂျီမင်းကမလိုက်ခိုင်းပေ ၊
ဒီမှာနေဆိုတော့ ဖောက်ပြန်နေတယ်ဆိုတဲ့ စကားကြောင့်ရော ၊ ဂျီမင်းကသူ့ကိုမယုံကြည်လို့ဒီမှာပဲနေခိုင်းတာလားဆိုတဲ့စကားကြောင့်ပါ သူအခု ဘယ်လိုဆုံးဖြတ်ရမယ်မှန်းမသိ ။
"ရတယ် သွား ဒါပေမဲ့ မောင်လည်းလိုက်မယ်"
"ဟင့်အင်း မလိုက်ရဘူး ၊ မင်တစ်ယောက်တည်းပဲသွားမယ်"
"ဘာလို့လဲ မောင်လည်းလိုက်မှာပေါ့"
"မရဘူး မလိုက်နဲ့"
ဟုတ်တယ် ဂျီမင်း ဂျောင်ကုနဲ့အတူ အဲ့နေရာကိုမသွားဘူး ၊ ဂျောင်ကုကို သူအဲ့ဒီနေရာမှာ ခြေမချစေချင်ဘူး ၊
YOU ARE READING
𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-1} II (Completed)✓ II