♡20♡

1.8K 239 40
                                    

Unicode

"မယ်မယ် ဒါလေးသောက်လိုက်ပါဦး"

"သွား!!! ငါ့အနားတစ်ယောက်မှမလာကြနဲ့ ထွက်သွား!!!!!!!!"

ယွန်ဟာနာ ကိုယ်ဝန်ပျက်ကြပြီးကတည်းက ကုတင်ပေါ်မှာ အမြဲငို‌နေတတ်တယ် ၊ ဘာကျွေးကျွေးလည်း မစားဘူး ၊ အထိန်းတော်တွေအကုန် အော်ပြီးနှင်ထုတ်တယ် ၊ ဒီနေ့နဲ့ဆို အစားမစားရေမသောက်တာ (၃)ရက်ရှိနေပြီ ၊ အခုလည်း မစားပြန်ဘူး ။

နန်းတွင်းထဲမှာတော့ ကြင်ယာတော်ရွေးပွဲအတွက် အလုပ်တွေရှုပ်နေ‌ကြသည် ၊

ဂျောင်ကု ဒီ‌ေရွးပွဲကို လက်ခံလိုက်ရတာက မိဖုရားခေါင်ကြီး ပြောတာတော့ နတ်ဆရာမရဲ့အမြင်မှာ ဂျီမင်းက ဒုက္ခတွေ့နိုင်ချေရှိလို့တဲ့ ၊ နားလည်အောင်ပြောရရင် ဒီလိုလုပ်တာက ယတြာချေတယ်ပြောရမလား ၊ ဂျီမင်းအတွက်လက်ခံလိုက်ရသည် ဆိုပါတော့ ။

ဂျီမင်းကလည်းနားလည်ပေးပါတယ် ၊ သူအန္တရာယ်ဖြစ်မှာကြောက်လို့လားလို့မေးတော့ မဟုတ်ဘူးတဲ့ ၊ ဂျောင်ကုဘယ်သူ့ကိုဘယ်နေရာ ၊ ဘယ်ရာထူးမှာပဲထားထား သူ့ကိုပဲချစ်မယ်ဆိုတာကို ယုံကြည့်လို့တဲ့ ၊ စိတ်ချပါ ဂျောင်ကုဆိုတာကလည်း ပတ်ခ်ဂျီမင်းဆိုတဲ့ ခဗျားလေးတစ်‌ေယာက်တည်းအတွက်ပဲ မွေးဖွားလာခဲ့တာမလို့ ။

တိုင်းပြည်အများစုက မင်းသမီးတွေ လာရောက်‌အရွေးခံကြသည်ထင်သည် ၊ အကုန်လုံးက ပြိုင်ပွဲတစ်ခုကို ယှဉ်ပြိုင်ကြရမည်သာ ။

ကြင်ယာတော်ရွေးပွဲရဲ့ ပြိုင်ပွဲအနေအထားအရ အဆင့်သုံးဆင့်နှင့် ယှဉ်ပြိုင်ရမှာဖြစ်သည် ။

ကြင်ယာတော်တစ်ယောက်မှာရှိသည့်ရှိထိုက်တဲ့ အရည်အချင်းနဲ့ပြည့်စုံဖို့လိုအပ်သည် ၊ သူများတကာနဲ့မတူတဲ့အရည်အချင်းရှိတဲ့သူကိုသာ ရွေးချယ်မည် ။

ပထမအဆင့် အနေနဲ့ စာပေရေးရာ ၊ ဗဟုသုတရေးရာ အစပြိုင်ရမည် ၊

ထိုအဆင့်တွင် အမှတ်ပေးအကဲဖြတ် အနေနဲ့ အမတ်ကင်နမ်ဂျွန်းနဲ့ စာရေးဆရာဂျောင်ဟိုဆော့တို့က အကဲဖြတ်ပေးရသည် ။

ဒုတိယအဆင့်တွင် ကြင်ယာတော်တစ်ယောက်အနေနဲ့ မဟုတ်ပဲ မိန်းကလေးတစ်ယောက်အနေနဲ့ ချက်ပြုတ်ခြင်းကိုပြိုင်ဆိုင်ရမည်ဖြစ်သည် ။

𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-1} II (Completed)✓ IIWhere stories live. Discover now