Unicode
"အ အရှင် ဟန်နိုင်ငံနဲ့ ချွန်းနိုင်ငံတို့ ပူးပေါင်းပြီး ကျွန်တော်တို့ကို စစ်ကြော်ငြာလိုက်ပြီ!!"
"ဘာ!!! အခုချက်ချင်း အမတ်အားလုံး ညီလာခံတက်ခိုင်းလိုက်ပါ"
ညီလာခံခန်းမထဲတွင် တစ်ယောက်တစ်ပေါက်ပြောသံများနှင့်ဆူညံနေသည်။
"အရှင်မင်းကြီး ကြွချီလာပါပြီ!!!!"
ထိုစကားသံအဆုံးမှာတော့ လေတိုက်သံတောင်ကြားရလောက်တဲ့ထိ တိတ်ဆိတ်ငြိမ်သက်သွားသည် ၊ ပုလ္လင်ပေါ် ဂျွန်တိုင်းပြည်ရဲ့အရှင်ဖြစ်တဲ့ ဂျောင်ကု ထိုင်လိုက်ပြီးနောက် အမတ်တစ်ယောက်စကား စသည်။
"အရှင် ဒီလိုအချိန်ကြီး အဘယ်ကြောင့် ညီလာခံကျင်းပရတာပါလဲ??"
"ဟန်နိုင်ငံနဲ့ ချွန်းနိုင်ငံ ပူးပေါင်းပြီး စစ်ကြော်ငြာလိုက်ပြီ"
ဂျောင်ကုပြောလိုက်တဲ့စကားက နောက်တစ်ကြိမ်ထပ်ပြီး အုံ့ကြွလာစေသည်။
"အမတ်များ မစိုးရိမ်မပူပန်ပါနဲ့!! ၊
ငါကိုယ်တော် အခုလိုညီလာခံခေါ်လိုက်ရတာက နောက်အပတ်မှာစစ်ပွဲစတင်တော့မယ် ၊
စတင်တော့မှာကို သိထားခဲ့ပေမဲ့ အခုစစ်ပွဲက တခြားနှစ်တွေတုန်းကလို တစ်နိုင်ငံနဲ့တစ်နိုင်ငံတိုက်ခိုက်မှာ မဟုတ်ဘူး ၊
နှစ်နိုင်ငံကို ခုခံရမှာဖြစ်တဲ့အတွက်...
စစ်သူကြီးဂျောင်!!!"
"မှန်လှပါ အရှင်"
"စစ်အင်အားထပ်မံဖြည့်ထားပါ ၊ ရိက္ခာအလုံအလောက်ရှိပါစေ"
"မှန်ပါ"
မိန့်ကြားချက်တွေများစွာ ၊ စိုးရိမ်ပူပန်မှုများစွာနဲ့ ထိုညီလာခံအစည်းအဝေးကြီးက ပြီးမြောက်ခဲ့သည်။
"ဂျောင်ကု ဘာတွေငိုင်နေတာလဲ??"
"အာ.. .ဂျင်hyung ဒီလိုပါပဲ တိုင်းပြည်ရေးအတွက်စိတ်မောနေလို့ပါ"
"မင်းတိုင်းပြည်ရေးအတွက်ချည်းပဲ ငိုင်နေတာဟုတ်လို့လား??"
"ဟမ်? ဟုတ်ပါတယ် hyungရဲ့"
"မင်းhyungကိုလာလိမ်မနေပါနဲ့ အငယ်လေးရာ မင်းဘာတွေဖြစ်နေလဲဆိုတာ ယွန်ဂီပြောပြလို့အကုန်သိပြီးသွားပြီ"
ESTÁS LEYENDO
𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-1} II (Completed)✓ II