Unicode
အား.. . ခေါင်းကထိုးကိုက်နေတာပဲ ၊ ဘေးဘက်ကိုလှည့်လိုက်တော့ ဟင်!! အဝတ်ဗလာနဲ့စောင်ပဲခြုံထားတဲ့ ယွန်ဟာနာ!!! ၊ သူ့ကို စိုက်ကြည့်နေလေသည်။
"ဒါ ဒါတွေက ဘယ်လိုဖြစ်ရတာလဲ??"
"အရှင်ပဲ မနေ့က မူးပြီး ဟာနာကို ဟင့်"
ရှက်သလိုလို စကားကိုချွဲနွဲ့ပြောနေတဲ့ ယွန်ဟာနာကြောင့် ဂျောင်ကု မနေ့ကအဖြစ်အပျက်တွေကိုပြန်စဉ်းစားလိုက်သည်။
မနေ့က သူ ယွန်ဟာနာလာတိုက်တဲ့ သေရည်တစ်ခွက်ပဲသောက်ရသေးတယ် ၊ နောက်တော့သူ မျက်လုံးတွေပြာလာတယ် ၊ ပြီးတော့ မူးလဲသွားတာမလား?? ၊ ဒါဆို အခုအခြေအနေကြီးကဘာလဲ??...။
"မဟုတ်ဘူး မဖြစ်နိုင်ဘူး ၊ ယွန်ဟာနာ မင်းနဲ့ငါမနေ့တုန်းက ဘာမှမဖြစ်ခဲ့ဘူးမလား ၊ မင်းငါ့ကိုအမှန်တိုင်းပြောပြပါ"
"အရှင်ကလည်း ဟာနာတို့မနေ့က အိပ်ဆောင်ဝင်တာဖြစ်မြောက်ခဲ့တယ်လေ ၊ တော်ပြီ အဲ့အကြောင်းတွေပြောရတာ ဟာနာမျက်နှာပူလာပြီ ထပ်မမေးနဲ့တော့"
မဖြစ်နိုင်ဘူး ဒါတွေသာတကယ်ဖြစ်ခဲ့မယ်ဆိုရင် သူနိုးလာရင်တစ်ခုခုတော့ခံစားရမှာအမှန်ပဲလေ ၊ အခုက ဘာမှမှ မခံစားရပဲကို...။
"ဪ ကြင်ယာတော်ပတ်ခ်ပါလား?? ဘာကိစ္စရှိလို့"
"ဟင့်အင်း ဘာကိစ္စမှမရှိပါဘူး ဒီတိုင်း ပျင်းနေလို့ စိတ်ပြေလက်ပျောက်စာအုပ်ဖတ်ဖို့လာငှားတာပါ ဂျင်hyungလည်း ဘာကိစ္စရှိလို့ ရောက်နေရတာလဲ?"
"ဒီလိုပါပဲ တစ်ဦးတည်းသောသားဆိုတော့ အိမ်တော်မှာ တစ်ယောက်တည်းလေ ၊ အဖေကလည်း နန်းတွင်းကိစ္စတွေနဲ့ရှုပ်နေတော့ ပျင်းတာနဲ့စာအုပ်ဖတ်ရင်း စာအုပ်စီပေးရင်း ဟိုဟာလုပ်ဒီဟာလုပ်ပေါ့"
"အဖေ?? ဂျင်hyungအဖေက ဘယ်သူ..?"
"အမတ်ကြီးကင်လေ"
"ဪ ဟုတ်လား ထားပါတော့ ကျွန်တော်ဖတ်ဖို့စာအုပ်သွားရှာလိုက်ဦးမယ်နော် hyung"
"အင်းအင်း"
ဂျီမင်း စာအုပ်တစ်အုပ်ယူလိုက်ပြီး စာဖတ်စားပွဲတစ်ခုံပေါ်သွားထိုင်နေလိုက်သည် ၊
ESTÁS LEYENDO
𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-1} II (Completed)✓ II