Unicode
"မနက်ဖြန်စစ်မြေပြင်သွားရတော့မယ်!!"
"ကောင်းပါပြီ စစ်သူကြီးဂျောင်ကို ပြင်ဆင်ခိုင်းထားလိုက်ပါ မနက်အာရုံမတက်ခင်ထွက်ကြမယ်လို့"
အံ့ဩခြင်း အလျင်မရှိ တည်တည်ငြိမ်ငြိမ်ပြောလိုက်တဲ့ ဂျောင်ကု ၊ အင်းပေါ့ ဒါတွေက ဘုရင်တစ်ပါးအတွက်ဆန်းမှမဆန်းတော့တာ...။
"ကြင်ယာတော် ကြင်ယာတော်ပတ်ခ်!! နေမွန်းတည့်နေပါပြီ"
လာနှိုးတဲ့ လီဟွန်းအသံကြောင့် ဂျီမင်းနိုးသွားသည် ၊ အိပ်ကောင်းကောင်းနဲ့ အိပ်ပျော်သွားတာ နေမွန်းတောင်တည့်နေပြီ။
ခြေလက်သန့်စင်ပြီး မနက်စာ အဲ နေ့လည်စာ စားသည် ၊ နောက်တော့ နန်းဆောင်အပြင်ဘက်ထွက်လာလိုက်သည်။
ဂျီမင်း နန်းတွင်းထဲနေရာတွေစုံနေေအာင်သွားပေမဲ့ ခါတိုင်းတစ်နေရာမဟုတ်တစ်နေရာတွေ့ရတဲ့ ဂျောင်ကုကို သူခုချိန်ထိမတွေ့သေး ၊ နန်းဆောင်ထဲမှာများလား??
"ကြင်ယာတော်ပတ်ခ် ဒီနေရာမှဘာရပ်လုပ်နေတာလဲ??"
လမ်းလယ်ခေါင်မှာ မတ်တပ်ရပ်ပြီး စဉ်းစားနေတဲ့ ဂျီမင်းကိုမြင်တော့ ဟိုဆော့က လာနှုတ်ဆက်သည်။
"အာ..ဟိုဆော့hyung ၊ hyungဒီချိန် စာရေးနေရမှာမဟုတ်ဘူးလား"
"အင်းဟုတ်တယ် hyungအဖေက စစ်တိုက်သွားတော့ စိတ်ပူပန်နေတာနဲ့ပဲ စာရေးလည်း စာထဲစိတ်ရောက်မှာမဟုတ်ဘူးလေ"
"hyungအဖေက စစ်သူကြီးဂျောင်ဆိုတာလား??"
"ဟုတ်ပါတယ်"
"ဒါနဲ့ စစ်တိုက်သွားတယ်ဆိုတာ??"
"အင်းဟုတ်တယ်လေ မနက်အာရုံမတက်ခင်ပဲ အရှင်နဲ့အတူ စစ်သည်တော်တွေ စစ်တိုက်ထွက်သွားကြတယ် ၊ ကြင်ယာတော် မသိဘူးလား??"
စစ်တိုက်သွားတယ် ၊ ငါ့ကိုတောင်တစ်ချက်ကလေးမှပြောမသွားဘူးနော် ၊ ငါကသူ့အတွက်အဲ့လောက်တောင် အရေးမပါဘူးလား??
"ကြင်ယာတော်!! ကြင်ယာတော်!!"
"ဗျာ ဗျာ! ဘာပြောလိုက်တာလဲ??"
"ဪ hyung နမ်ဂျွန်းhyungလုပ်ခိုင်းထားတာလေ ရှိလို့ သွားတော့မယ်လို့"
BẠN ĐANG ĐỌC
𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-1} II (Completed)✓ II