Unicode
"လီ လီဟွန်း မရှိတော့ဘူး လီဟွန်းသေပြီ!!"
စခန်းချတဲထဲတွင် ရောက်ကတည်းက သူရထားတဲ့ ဒဏ်ရာကိုမကြည့်ပဲ ထိုင်ငိုနေသောဂျီမင်း။
"မငိုပါနဲ့တော့ ကြင်ယာတော်ရယ် ၊ လီဟွန်းသွားရတာ နောက်ဆံတင်းနေပါဦးမယ်"
"မဟုတ်ဘူး ဟင့် လီဟွန်းသေရတာ ငါ့ကြောင့် ဟင့်ဟင့် ငါသာဒီကိုလာဖို့ဇွတ်မပြောခဲ့ရင် ၊ အီ..ဟင့် လိုက်ခဲ့ပေးဖို့အတင်းမပြောခဲ့ရင် အခုလို လမ်းမှတိုက်ခိုက်ခံရပြီး တိုက်ခိုက်ခံရပြီး လီ လီဟွန်း ဟင့် သေမှာမဟုတ်ဘူး ဟီး အီးး ဟင့်ဟင့်"
လီဟွန်းဆိုတာ ဟိုဘက်ခေတ်မှာတုန်းကလည်း ဂျီမင်းအပေါ်မှာအနစ်နာခံဆုံး ၊ ဂျီမင်းရဲ့တိုင်ပင်ဖော်တိုင်ပင်ဖက် ၊ ဒီဘက်မှာကြတော့လည်း သူမသိတာတွေကို အကုန်ပြောပြရှင်းပြပြီး သူ့အပေါ်ကို သူငယ်ချင်းကောင်းတစ်ယောက်လို ဆက်ဆံပေးခဲ့တယ် ၊
အခု အခုတော့ လီဟွန်းကမရှိတော့ဘူး ၊ သူဆက်ပြီး ဘယ်သူကိုတိုင်ပင်ရမှာလဲ ၊ သူမသိတဲ့အရာတွေကိုရော ဘယ်သူက လီဟွန်းလို စိတ်ရှည်ရှည်ပြောပေးမှာတဲ့လဲ ၊ လီဟွန်းမရှိတော့ဘူးဆိုတဲ့ ခံစားချက်ကြီးက တကယ် တကယ်ကို ခံစားရခက်လွန်းသည်။
"ကိုယ်တော်တို့လည်း ဘယ်သူဘယ်ဝါတိုက်ခိုက်တယ်ဆိုတာကို စုံစမ်းခိုင်းထားပါတယ် ၊ အဲ့လောက်ကြီး အရမ်းလည်း ခံစားမနေပါနဲ့"
ဂျောင်ကုမှာတော့ သူသိပ်ချစ်ရတဲ့သူ ရှိုက်ကြီးတငင်ငိုနေတာကြောင့် သူရထားတဲ့ ဒဏ်ရာထက် ရင်ဘတ်နားက ပိုနာကျင်ရပါသည်။
"ချစ်တယ် ဂျီမင်းhyungကို ကျွန်တော်ချစ်တယ် အဲ့ဒါကြောင့်ထပ်မငိုပါနဲ့တော့"
ဂျီမင်းငိုနေရင်းတန်းလန်းကြားလိုက်ရတဲ့ စကားကြောင့် ဂျောင်ကုကိုမော့ကြည့်လိုက်သည်။
"အခုလို hyungခံစားနေရတဲ့အချိန်မှာ မပြောသင့်တဲ့စကားမှန်းသိပေမဲ့ hyungဆီက ရှိုက်ကြီးတငင်ကျနေတဲ့ မျက်ရည်တွေကို ကျွန်တော်မလိုလားဘူး ၊ hyungနာကျင်ခံစားနေရတာက ကျွန်တော်hyungငိုနေတာကိုကြည့်ပြီးနာကျင်ခံစားရတာထက် အများကြီးပိုပြီးသက်သာပါတယ် ၊ ဒါကြောင့် ကျွန်တော်ကိုသနားရင် hyungထပ်မငိုပါနဲ့တော့"
أنت تقرأ
𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-1} II (Completed)✓ II