♡23♡

1.6K 254 47
                                    

Unicode

ဒီကနေ့ ရာသီဥတုက သာယာလွန်းသည် ၊ မနက်‌လေနုအေးလေးတွေကလည်း ဖြေးညှင်းစွာ တိုက်ခတ်နေကြသည် ၊ ငှက်ကလေးတွေကလည်း သာယာနာပျော်ဖွယ် တေးတစ်ပုဒ်ကို ကိုယ်စီသီဆိုနေကြသည် ၊

နန်းတော်အတွင်းရှိ နန်းဆောင်တစ်ခုရဲ့ ကုတင်ပေါ်မှာ အိပ်မောကျနေတဲ့ကောင်လေးနှစ်ယောက်လည်း ရှိ‌သည် ။

မနက်ခင်းနေရောင်ခြည်က ပြတင်းပေါက်ကနေ မျက်နှာတည့်တည့်ကို လာထိုးတာကြောင့် ဂျောင်ကုတစ်ယောက် အိပ်မောကျနေရာမှနိုးလာခဲ့သည် ။

မျက်လုံးဖွင့်ဖွင့်ချင်း ဘေးနားက ချစ်ရသူရဲ့မျက်နှာလေး အရင်ဆုံးတွေ့ရတာကြောင့် ကြည်နူးမှုကအသဲခိုက်မတတ်ပင် ၊

ဂျောင်ကု ဂျီမင်းကို ကြည့်နေရင်း မဟူရာနေမင်းကြီးရဲ့ အလင်းရောင်ဦးတည်မှုက ချစ်ရသူလေးမျက်နှာဖြစ်သွားတာကြောင့် စိတ်ထဲက သဝန်တိုမှုအပြည့် ၊

အလင်းရောင်ကို လက်နဲ့ကွယ်ထားလိုက်ပြီး လှလွန်းသောချစ်ရသူလေးကို တစ်ဖန်ပြန်ကြည့်ဖြစ်သည် ။

မိနစ်အနည်းငယ်လောက်ကြာတော့ ဂျီမင်းက အင်းအဲ နဲ့ မျက်လုံးကိုပွတ်ပြီး နိုးလာခဲ့သည် ၊

နိုးနိုးချင်း စိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ တည့်တည့်တိုးတော့ လူကအနည်းငယ်လန့်သွားသည် ။

"ဘာလို့အဲ့‌ေလာက်စိုက်ကြည့်နေတာလဲ??"

"လှလို့~"

ဂျောင်ကုရဲ့ ဆိုင်းငံ့ခြင်းတစ်စုံတစ်ရာမရှိ ချက်ချင်းပြန်ဖြေလာသောအဖြေက ဂျီမင်း ပါးပြင်မို့မို့ထက် ပန်းနုရောင်ဆေးများ ခြယ်သပေးလိုက်သလို ၊

"အပိုတွေ•••"

ဂျီမင်းတုံ့ပြန်မှုကို ဂျောင်ကု ခပ်ဟဟ ရယ်လိုက်မိသည် ။

"မပိုဘူး မင်နဲ့ပတ်သတ်ရင် မောင်ပြောတာတွေက လိုတောင်လိုနေသေးတာ"

ဂျီမင်း ခေါင်းလေးပဲပြန်ငြိမ့်ပြလိုက်သည် ၊ ရှက်နေတဲ့ပုံစံကို မမြင်စေချင်တာကြောင့် ဂျောင်ကုရင်ခွင်ထဲမျက်နှာအက်ထားမိသည် ။

𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-1} II (Completed)✓ IIWhere stories live. Discover now