Unicode
"ကြင်ယာတော် သတိရလာပြီလား?? ကျွန်တော်မျိုးကိုမှတ်မိသေးရဲ့လား?? ကြင်ယာတော်!!"
"ဗျာ!!ကြင်ယာတော်??"
"ကြင်ယာတော် ကျွန်တော်မျိုးပါ လီဟွန်းလေ လီဟွန်း?"
ဂျီမင်းအသေအချာကြည့်မိတော့ လီဟွန်းက ဘာဝတ်စုံတွေဝတ်ထားမှန်းမသိ၊ ပြဇာတ်တွေဘာတွေ uniကရှိတယ်လို့လည်း မကြားမိပါဘူး၊ ငါကရောဘာလို့ ဒီလိုေရှးပံုစံအခန်းထဲမှာရှိနေရတာလဲ၊ ဂျီမင်းတွေးနေတုန်း ရှေ့တံခါးမှကျယ်ေလာင်စွာထွက်ေပါ်လာတဲ့အော်သံ...။
"မယ်မယ်ကြီး ကြွချီလာပါတယ်!!!"
ထိုအသံအဆုံးမှာတော့ ဝင်လာတဲ့ မိန်းမတစ်ဦး၊ နန်းတွင်းဝတ်စုံကြီးနဲ့!!!
"ကြင်ယာတော်ပတ်ခ် သက်သာရဲ့လား?? ၊ ဘယ်နားနာနေသေးလဲ?? ၊ ခေါင်းတွေဘာတွေရော ဘယ်နာထိသွားသေးလဲ?? ၊ နာနေသေးရင် မယ်မယ်ကိုပြောနော် ၊ ကြင်ယာတော် တစ်ပတ်လုံးလုံး သတိမေ့နေခဲ့တာ"
ကိုယ်ကမှ ခေါင်းကိုက်နေပါတယ်ဆို ရှေ့က တရစပ် မေးခွန်းတွေနဲ့ ဘာတွေပြောနေမှန်းမသိတဲ့မိန်းမကြီးကြောင့် ပိုတောင်ခေါင်းကိုက်လာသလို။
"ရပါတယ် ကျွန်တော်ဘာမှမဖြစ်ပါဘူး ၊ ဒါနဲ့ ဒီက အန်တီက ဘယ်သူလဲမသိဘူးခဗျ ကျွန်တော့်ကိုသိလို့လား ကျွန်တော်နဲ့ရောရင်းနှီးလို့လား?? "
"ဟမ်!! မယ်မယ်လေ မယ်မယ်ကိုမမှတ်မိဘူးလား?? ဟဲ့လုပ်ကြပါဦး အထိန်းတော်လီ!! သမားတော်အမြန်ပင့်စမ်း!!!"
ခဏလောက်ကြာတော့ သမားတော်လို့ဆိုသူက ကျွန်တော်ကို ဘာတွေစစ်လို့စစ်နေမှန်းမသိ။
"ကြင်ယာတော်ပတ်ခ် ကျွန်တော်မျိုး မေးတာကို တစ်သွေမတိမ်းဖြေပေးပါနော်"
"ဟင် ဟုတ် ရပါတယ်မေးပါ"
"ကြင်ယာတော်ရဲ့ နာမည်??"
"ကျွန်တော့်နာမည် ပတ်ခ်ဂျီမင်းပါ"
သူတို့အချင်းချင်းကြည့်ပြီး ခေါင်းငြိမ့်နေကြတယ်။
"မွေးဖွားခဲ့သော သူတွေအမည်"
"ဗျာ?? ဪ မိဘနာမည်ေတွေမးတာလား? အဖေက ပတ်ခ်ဆောင်းဝူ အမေက ဂန်းမင်ဟာ အဖေကမရှိတော့ဘူး အမေကတော့ နောက်ယောက်ျားနဲ့ ဒါနဲ့နေပါဦး!! ကျွန်တော့်ကို ကြင်ယာတော် ကြင်ယာတော်နဲ့ တစ်ကြင်ယာတည်းကြင်ယာနေတာ ကျွန်တော်က ရည်းစားတောင် မထားဘူးသေးတဲ့ လူပျိုေလးဗျ အဲ့ကြောင့်ကျွန်တော့်ကို အဲ့လိုမခေါ်ပါနဲ့ ကျွန်တော်မကြိုက်ဘူး!!"
VOUS LISEZ
𝙾𝚗𝚕𝚢 𝚈𝚘𝚞 {S-1} II (Completed)✓ II