ZAWGYI READERS CAN SCROLL DOWN
UNICODE
ပြင်ဦးလွင်မြို့ဟာအရမ်းကိုအေးချမ်းတဲ့မြို့ပဲ...အေးစိမ့်စိမ့်ရာသီဥတုနဲ့ပန်းအလှတွေပေါတဲ့တောင်ပေါ်ကမြို့လေးဟာ နေလို့အကောင်းဆုံးမြို့တစ်မြို့ပင်..
ခြံစည်းရိုးအညိုရောင်ဝန်းရံထားတဲ့အဖြူရောင် အိမ်တော်ကြီးဟာခမ်းနားစွာတည်ရှိပြီး ခြံဝန်းကျယ်ကြီးထဲ နှင်းဆီနီရောင်တို့ပတ်ပတ်လည်ဝန်းရံလျက်ရှိသည်...အိမ်ရှေ့ရှိကျောက်တိုင်တွင်တော့ရေးထားသည်က ဘုန်းမြတ်တော်ဝင်အိမ်တော်တဲ့...ရှေးရိုးဆန်စွာတည်ရှိသည့်အိမ်ဟာ နှစ်ပေါင်းများစွာတုန်းက မြို့စားမင်းပိုင်သည့်အိမ်တော်ဖြစ်ခဲ့ဖူးသည်...အခုလက်ရှိတွင်တော့ခေတ်ဆန်စွာ ပြန်လည်ပြုပြင်ထားသည်မို့သူ့နည်းသူ့ဟန်ဖြင့်ခမ်းနားလျက်....
" တီ..တီ...တီ"
" သခင်လေးပြန်လာပြီ! "
မညိုရဲ့အသံကျယ်ကျယ်ကိုကြားတော့ ခြံထဲနှင်းဆီးပန်းပင်တွေရေလောင်းနေတဲ့ဦးစိုးက ချက်ခြင်းအပြေးသွားကာ ခြံတခါးကိုတွန်းကာဖွင့်လိုက်ရသည်...ကားအဖြူလေးက
ခြံထဲ ငြိမ်ချမ်းစွာရပ်လိုက်ပြီးသည်နှင့်ကားထဲမှအရပ်မြင့်မြင့်လူဟာ လက်ထဲတွင် ဂျူဒီဂုတ် အဖြူရောင်ကိုချိတ်ထားပြီးနောက်လက်တစ်ဖက်တွင်တော့လည်သာအမည်းရောင်အိတ်အကောင်းစားကိုဆွဲကာ အိမ်ထဲသို့ဝင်လာ၏...ဧည့်ခန်းထဲတွင်ထိုင်ကာ သတင်းစာဖတ်နေသည့်ဒေါ်သီရိဘုန်းမြတ်ကိုတွေ့သည်နှင့်ထိုသူက တစ်ချက်ရပ်ပြီး ကြည့်လိုက်သည် ထို့နောက်သက်ပြင်းတစ်ချက်ချကာ ဘာမှမပြောပဲရှေ့က ကြောင်လိမ်လှေကားကိုတက်မည်အလုပ်..
" ပိုင်စေဘုန်းမြတ် အက်မှာရပ်လိုက်''
မျက်မှန်ကိုပင့်တင်ကာ သတင်းစာကိုလက်ထဲကချလိုက်သော ဒေါ်သီရိဘုန်းမြတ်သည် ခက်ထန်သောမျက်နှာနှင့်အနည်းငယ်စိတ်တိုနေဟန်ပေါ်သည်..
တစ်ဆက်တည်းထိုသည်ကိုကြည့်လိုက်သည်နှင့် Alpha အငွေ့သက်များဖုံးလွှမ်းနေသည်မှာထင်ရှားလှသည်..." အမေ ကျွန်တော့်ကိုမပြောပဲလုပ်တာတွေကပိုပြီးအခက်တွေ့စေတယ်''
YOU ARE READING
To Be Loved...
RomanceWhat Do I have to do to feel loved? ✖No TRANSLATION ✖ * This is an own creation* Start Date-29.7.2021 End Date -21.1.2022