ZAWGYI READERS CAN SCROLL DOWN
UNICODE
လူတယောက်နဲ့လက်ထပ်တာကအရမ်းနက်နဲမယ်လို့ရောင်ခြည်ကထင်ခဲ့တယ်။တကယ်တမ်းဖြစ်တော့လဲ ခဏလေးအတွင်းမှာဖြစ်ပျက်သွားခဲ့တာပဲ...သူကအခုပျားရည်ဆမ်းခရီးအတွက်ငပ္ပလီကိုအကိုလေးနဲ့ရောက်နေတယ်....မန္တလေးလေဆိပ်ကနေလေကြောင်းလိုင်းနဲ့လာတာမို့ညနေစောင်းလောက်မှရောက်ပြီးအရမ်းကိုကြည်နူးဖို့ကောင်းတဲ့နေရာကစိတ်ကိုအေးချမ်းသွားစေတယ်။
ပင်လယ်နံ့သင်းနေတဲ့လေတဖြူးဖြူးနဲ့ ပင်လယ်ပြာက ပုဇွန်ရောင်ခြည်သမ်းနေတဲ့နေရောင်ခြည်နဲ့ပနံသင့်လွန်းလှတယ်။
"မင်းအကျကလှသားပဲ''
အပြာရောင်လွင့်လွင့်နဲ့ခရုအဖြူရောင်လေးရောစပ်ထားတဲ့အကျကတကယ့်ကိုနွေရာသီစတိုင်ဖြစ်ပြီးလူငယ်ဆန်စေတာမို့အကိုလေးကရောင်ခြည်ရဲ့အမြင်ကောင်းမှုကိုချီးကျုးလိုက်တော့ထိုကောင်လေးကသူ့ကိုပြုံးပြလာ၏..
ကမ်းခြေမှာနှစ်ယောက်သားပေါ့ပါးစွာနှင့် နေ၀င်ချိန်ကိုကြည့်ကာအတူတူရှိနေရတာကိုရောင်ခြည်ကအခုထိအိမ်မက်လို့ထင်နေတုန်း။သူတခါမှအကိုလေးနဲ့ဒီလိုမပုံဖော်ခဲ့ဖူးတာမို့သူ့နှလုံးသားကတဒိတ်ဒိတ်ခုန်နေတာမှမနက်ခင်းမီနေတဲ့Alarm clockလေးလိုပဲ။
ဘေးတဖက်ကသူချစ်ရသူကတော့ပုဇွန်ဆီရောင်ကောင်းကင်နဲ့အရောင်တူတူဖြစ်တဲ့အကျကိုမှ အုန်းပင်လေးတွေတောင်အဆစ်ပါသည်ကို၀တ်ဆင်ထားကာသူသဘောကျလွန်းလှတဲ့စူးရှတဲ့မျက်၀န်းတွေက ကမ်းစပ်ကိုထိကပ်နေတဲ့လှိုင်းတချို့ကိုငေးမြောနေသည်။
ဘယ်လောက်တောင်လှတဲ့မြင်ကွင်းလဲဆိုတာ သူမတွေးတောနိုင်အောင်ပဲ။
သူကြည့်နေတုန်းပဲထိုမျက်၀န်းလေးတွေကသူ့ဘက်လှည့်လာသည်မို့တုန်နေတဲ့ရင်ကနှစ်ဆလောက်ပိုတောင်တုန်လှုပ်သွားရသည်။ ထိုသူနဲ့ပတ်သက်လာရင်သူ့ရဲ့နှလုံးသားဟာဆယ်ကျော်သက်တယောက်သာသာပဲဆိုတာကို၀န်ခံပါတယ်။

YOU ARE READING
To Be Loved...
RomanceWhat Do I have to do to feel loved? ✖No TRANSLATION ✖ * This is an own creation* Start Date-29.7.2021 End Date -21.1.2022