-7-

4.9K 363 25
                                    

ZAWGYI READERS CAN SCROLL DOWN

UNICODE

"Why did you leave mum''

လန်ဒန်မြို့မှာနှင်းတွေအသည်းသန်ကျနေတယ်...ထိုလုံးချင်းအိမ်ဆင်တူအညိုရောင်တွေတန်းစီးနေတဲ့လမ်းလေးတစ်ခုမှာ Mr Lewis Nelson
ကနေထိုင်တယ်။အသက်၁၃နှစ်အရွယ်ကောင်လေးကအေးတိအေးစက်မျက်နှာနဲ့ မနက်စာ စာဝိုင်းကို ထိုစကားနဲ့ဖြိုခွင်းလိုက်မယ်လို့သူမထင်ထားဘူး.....

ဆံပင်ရွှေအိုရောင်တွေနဲ့အတူခန့်ညားလှတဲ့အသက်လေးဆယ်နီးနီးလူကြီးကသူ့အမေနဲ့အရမ်းတူတဲ့သားငယ်ကိုတစ်ချက်ကြည့်ပြီးရယ်တယ်...မကြာခင်မှာပဲသူ့သားငယ်ကိုအဓိပ္ပါယ်ရှိတဲ့အပြုံးတွေနဲ့ မေးခွန်းကိုပြန်ဖြေတယ်..

" I didn't leave her..And she didn't too but our destiny did''

အသက်၁၃နှစ်အရွယ်ကောင်လေးက သူ့မိဘတွေကွာရှင်းမှုနဲ့ပတ်သတ်ပြီးသဘောမကျပေမဲ့ ဘာမှဝင်မပြောခဲ့ဘူး...သူ့အမေနဲ့အဖေကအရမ်းချစ်ကြတာသူသ်ိတယ်...အဘွားရှိစဥ်အခါကတောင် အမေဟာ အိမ်နဲ့အတိုက်ခံလုပ်ပြီးန်ိုင်ငံခြားသားဖြစ်တဲ့သူ့အမေကိုယူထားတာမဟုတ်ပေလား...သူ့အဖေပြောတဲ့ ကံကြမ္မာကခွဲလိုက်ပါတယ်ဆိုတဲ့အဖြေကိုသူက သဘောမကျဘူး...သူသာတစ်ကယ်ချစ်ရင် ဘယ်ကံကြမ္မာကိုမှလဲဂရုစိုက်မှာမဟုတ်ဘူး....

"Dad.. you are using an excuse.If u really love her,you'll win the destiny''

" Liam Nelson..you'll know one day ''

တစ်နေ့ကြမင်းသိပါလိမ့်မယ်ဆိုတဲ့စကားကြောင့် လိုင်ယမ် နဲလ်စမ် ကထပ်ပြီးသူ့အဖေကိုမပြောတော့ဘူး...
ထိုသူကနွေဦးရောင်ခြည်နဲ့တူတယ်...နွေးထွေးတယ် အေးချမ်းပြီး အရမ်းကိုထက်မြက်တဲ့ Alpha တယောက်ပဲ...သူ့အမေကတော့ဆန့်ကျင်ဘက်ဖြစ်တဲ့ဖီးနစ်လိုပဲ...မာနကြီးတယ် အေးစက်တယ် ဒါပေမဲ့ ထက်လဲထက်မြက်တဲ့ Alpha တ​​ယောက် ...
ဆန့်ကျင်ဘက်အကျင့်စရိုက်နဲ့ Alpha တယောက်က ဘာသာချင်းမတူ လူမျိုးမတူ တဲ့အခါ လမ်းခွဲခြင်းကိုဖြစ်စေခဲ့တယ်...သူ့အဖေကပြောတာကိုမှတ်မိသေးတယ်...မင်းအမေကခေါင်းမာလွန်းတယ် အက်ဒါကငါတို့ကိုအက်ကြောင်းထင်စေတယ်တဲ့....

ဘာကပြသာနာလဲသူနားမလည်ဘူး...
အမေကခေါင်းမာတယ်ဒါပေမဲ့ ထိုမိုးကျရွှေကျနေရတဲ့ဘဝကိုစွန့်ပြီးအဖေနဲ့ အတူနေထိုင်ဖို့ရွေးချယ်ခဲ့သေးတယ်...
သူတို့ကအရမ်းချစ်ကြတာမဟုတ်ဘူးလား? ဒါပေမဲ့ လိုင်ယမ် အရွယ်ရောက်လာတဲ့အခါပိုနားလည်လာခဲ့တယ်....
သူ့အဖေပြောသလိုပဲ အချစ် တစ်ခုတည်းနဲ့မပြီးဆုံးနိုင်တာတွေအများကြီးရှိတယ်ဆိုတဲ့အကြောင်းပေါ့...
သူ့အဖေနဲ့အမေအရမ်းချစ်ကြလဲဘာအရေးလဲ အခု သူ့အဖေမှာ အရမ်းကိုနှစ်လိုဖွယ်ကောင်းတဲ့ Omega တယောက်ရှိနေပြီ...သူ့အသက်၁၅နှစ်မှာ
Stepmother တယောက်ရှိပြီဆိုတာသိတည်းက ထိုလန်ဒန်မြို့ကသူ့အဖေဆီသိပ်သွားမလည်ဖြစ်တော့ဘူး....

To Be Loved...Where stories live. Discover now