UNICODE
မှောင်မည်းနေသည့်တောအုပ်ထဲမြူမှုန်များဖြင့်ပြည့်နှက်နေသည်။ သူ့အမျိုးသားဖြစ်သူခင်ပွန်းAlpha နှင့်ပျော်ရွှင်စွာလက်ချင်းချိတ်ကာ တောလမ်းထဲမနက်ခင်း လမ်းလျှောက်နေတာဖြစ်သည်။ ဝံပလွေအူသံကြားသည့်အခိုက်တန့် တည်မြဲစွာ ဆုပ်ကိုင်ထားသည့်လက်နှစ်ဖက်သည်ဓားထက်ထက်တစ်လက်ဝါးပင်ကိုခုတ်သကဲ့သို့
ဖျက်ကနဲပြတ်သွားရသည်။ တစ်စုံတယောက်က သူတို့ရဲ့ချစ်ခြင်းတွေကိုခွဲသွားသလိုနှလုံးသားကမြက်ကနဲအောင့်လာရသည်။ ထို့နောက် မျက်နှာမပါသည့်မိန်းကလေးတယောက်က သူ့အမျိုးသားကိုခေါ်ထုတ်သွားပါ၏။ ကျယ်လောင်စွာ အော်ပြီးတားချင်ပေမဲ့ သူ့ပါးစပ်ကအသံမထွက်လာ။အားးးးးးးးး!!!!!!
ရောင်ခြည်၏မျက်လုံးအစုံသည် စိုရွှဲ
စွာဖြင့်အိမ်မက်ဆိုးကနေလန့်နိုးလာသည်။ သူ့တကိုယ်လုံးချွေးအေးများဖြင့်နစ်နေကာ ဆိုးရွာလှသည့်အိမ်မက်ကြောင့်သူ့နှလုံးခုန်သံသည်နှစ်ဆမြန်နေလေသည်။ရုတ်တရက်ချည်းခံစားရသော အငွေ့သက်နှင့်အိမ်မက်ထဲကအဖြစ်ပျက်ကြောင့်ရောင်ခြည်စိတ်ထဲ အတော်ပင်နေလို့မကောင်း။ သူ့စိတ်ထဲထိုအိမ်မက်သာ စိုးမိုးနေသည်။ တိုင်ကပ်နာရီကိုကြည့်တော့ မနက်နှစ်နာရီ။
နေပင်မပွင့်သေးကာ တိတ်ဆိတ်နေသော ညချမ်းအခြေနေကိုပြတင်းပေါက်မှတဆင့်မြင်တွေ့နေရသည်။ဘေးဖက်ရှိအိပ်ယာသည်အေးစက်နေကာ သူ့Alpha ၏အငွေ့သက်တို့ကိုမရ။ အခုချိန်တွင်ထိုလူ၏ရင်ခွင်ထဲမျက်နှာအက်ကာ သူခံစားရသမျှကို ရင်ဖွင့်လိုက်ချင်သည်။ သူကိုယ်၀န်ရှိလာလို့လားမသိ အခုချိန်တွင်အနှစ်သိမ့်ခံချင်သည်။ အားကိုးချင်ပေမဲ့
ငယ်ငယ်လေးတည်းက သူလိုအပ်ချိန်တွင် ကိုကိုသည် ဘယ်တော့မှသူ့ဘေးနားရှိမနေခဲ့ပါ။ လက်မခံချင်ပေမဲ့အမှန်တရားဖြစ်လေသည်။လွန်ခဲ့သည့်နှစ်နာရီကပင်သူနှင့်အတူအိပ်ရာ၀င်ခဲ့သူသည်အခုချိန်တွင်တော့ဘေးမှာမရှိပါ။ ညနက်သည့်အချိန်တွင်အခန်းထဲမှ ခိုးခိုးထွက်သွားသည်ကိုသူသတိထားမိသည်မှာတစ်ပတ်လောက်ပင်ရှိပြီ။သူထုတ်မမေးဖြစ်သလိုမသိချင်ယောင်သာဆောင်ခဲ့ပေမဲ့
ရင်ထဲတွင်တော့တဖြည်းဖြည်းခံစားလာရသည်။
YOU ARE READING
To Be Loved...
RomanceWhat Do I have to do to feel loved? ✖No TRANSLATION ✖ * This is an own creation* Start Date-29.7.2021 End Date -21.1.2022