-9-

4.7K 384 9
                                    

ZAWGYI READERS CAN SCROLL DOWN

UNICODE

" ချီးထဲမှ သောက်အယ်လ်ဖာကောင်''

လင်းခန့်က သူ့တ်ိုက်ခန်းဆီရောက်လာတဲ့ သူငယ်ချင်းဖြစ်သူကိုကြည့်ပြီးကြိမ်ဆဲလိုက်တယ်...ဖြူဖက်ဖြူရော်နဲ့ရောင်ခြည်သွေးကတကယ်ကိုအနာရထားတဲ့ကြောင်လေးတကောင်လိုပဲ...

" ဟျောင့်မင်းကောင်ထိလို့ဘုကြည့်လာမကြည့်နဲ့ အိမ်ပေါ်ကကန်ထုတ်လိုက်မယ်''

သူ့Alphaကိုသောက်ထည့်ခေါ်လို့စောင်းကြည့်လာတဲ့သူငယ်ချင်းကောင်ကိုပိတ်ဟောက်ပလိုက်တယ်...
ချီးလိုပဲ...သောက်ပြသာနာတတ်ရင်ငါ့ဆီလာပြီးမှတော့နည်းနည်းလောက်ဆဲပါရစေဟုတ်ပြီလား?

" မင်းအမေနဲ့ဒေါ်သီရိကဘာပြောလဲ''

" မေမေကြီးကလက်ထပ်ခိုင်းတာပေါ့ အမေကတော့ငါ့ကိုနားလည်တာမို့ဘာမှမပြောဘူး အခုလဲအတင်းငြင်းပြီးမင်းဆီလာတာ''

" အေးကွာ နေနေ...အခြေနေငြိမ်မှပြန်တော့''

ပြင်ဦးလွင်မြို့ရဲ့တိတ်ဆိတ်တဲ့ရပ်ကွက်လေးက ဘုန်းမြတ်အိမ်တော်လို့လျှမ်းလျှမ်းတောက်မချမ်းသာပေမဲ့
နေချင်စရာကောင်းတဲ့ရပ်ဝန်းလေးပဲ...
တစ်ထပ်အိမ်ပုလေးနဲ့အတော်သင့်ကျယ်တဲ့နေရာမှာလင်းခန့်တယောက်တည်းနေထိုင်တယ်...လင်းခန့်ကမန္တလေးဇာတိပေမဲ့အမေသေပြီးအဖေနောက်အိမ်ထောင်ပြုလိုက်တည်းက သူ့ဇာတိမှာမနေချင်တော့ဘူး...မန္တလေးမှာဘွဲ့ရပြီးတာနဲ့သူငယ်ချင်းဖြစ်သူရောင်ခြည်သွေးနဲ့ အလုပ်တူတူဝင်ပြီးပြင်ဦးလွင်မှာပဲအ​ခြေချတော့တယ်...ဒီတထပ်အိမ်ပုလေးကသူ့အမေမသေခင်အမွေပေးထားတာလေးပေါ့.....

ရောင်ခြည်သွေးကတော့လင်းခန့်အပေါ်အများကြီးကျေးဇူးတင်မိတယ်...ဘယ်လိုပဲ ဖြစ်ဖြစ်အခုလိုရှောင်ချင်တဲ့အချိန်ဆို ဒီတစ်ထပ်အိမ်လေးထဲခိုဝင်လို့ရတာပေါ့...

.
.
.
.
.
.
.
.
.
.
.
.
.
.
.

ပိုင်စေက သူ့ကို delivery နဲ့လာပို့သွားတဲ့စာအိတ်ကိုကြည့်ပြီးနားမလည်နိုင်ဘူး...ဘယ်သူလာပို့တာလဲဆိုတာလဲသူမခန့်မှန်းနိုင်...

To Be Loved...Where stories live. Discover now