UNICODE
ငပ္ပလီကပြန်ရောက်ပြီးသည်နှင့်ရောင်ခြည်ရောပိုင်စေရောနှစ်ယောက်လုံးမအားလပ်ကြ။ခွင့်ရက်ယူထားသည်မို့ပိုင်စေကဂျူဒီချိန်တွေပြန်၀င်ရသလိုရောင်ခြည်ကလဲလပတ်စာမေးပွဲအတွက်စာမေးပွဲမေးခွန်းထုတ်ဖို့အလုပ်ရှုပ်နေလေသည်။
တစ်နေ့တွင်တွေ့ချိန်နာရီအနည်းငယ်
လောက်သာရှိသည်မို့မျက်နှာချင်းဆိုင်မိသည့်နောက်ဆုံးအချိန်ကိုပင်မမှတ်မိတော့။//TODAY- 1st Monthsary//
ဖုန်း၏ calendar မှာ သတိပေးစာလေးပို့လာချိန်တွင်ရောင်ခြည်ပြုံးမိသွားသည်။ကိုကိုကတော့ညပိုင်းဂျူဒီတွေများသည်မို့ဒီလတွင်းအလှုပ်ရှုပ်နေကာနှစ်ယောက်သားအချိန်မပေးနိုင်သဖြင့်သူစပရိုက်လေးလုပ်ဖို့ပြင်ဆင်ထား၏။
"ကိုကိုဒီည ဂျူဒီချိန်မရှိဘူးမလား''
''မရှိဘူး စောစောပြန်ရောက်မယ်ကလေး''
သေချာအောင်ဆန်းစစ်ပြီးသည်နှင့်
သူဒီနေ့အတွက်ကျောင်းတွင်ခွင့်စာတင်ကာ မြို့ထဲရှိမုန့်ဖုတ်ဆိုင်သို့
အပြေးသွားရတော့သည်။"ဆရာလေး မှာထားတာတွေရပြီ''
မုန့်ဆိုင်ပိုင်ရှင်ကသူ့တပည့်ရဲ့အဖေပေဖို့အကူညီတောင်းရတာအဆင်ပြေသည်။ကိတ်မုန့်ဖုတ်ဖို့အတွက်ပစ္စည်းတွေယူပြီးသည်နှင့် စက်ဘီပေါ်တင်ကာ ပြင်ဦးလွင်ဈေးသို့တခါသွားရပြန်သည်။
"ဒီစတော်ဘယ်ရီသီးတစ်ခြင်း
ဘယ်လောက်လဲအန်တီ''ကြီးပြီးအလုံးလှသည့်အသီးတန်းရှိစတော်ဘယ်ရီသီးတွေကို၀ယ်ပြီးသည်နှင့်အချိန်မနှောင်းခင်ပြန်ဖို့အလုပ်မည်းမှောင်လာသောကောင်းကင်သည်သူ့ကိုမျက်နှာသာမပေးခဲ့။မနက်ခင်းထဲကပြေးလွှားနေရတာကြောင့်ချွေးပြန်နေသောသူ့ကိုယ်ကိုမိုးရေးစက်များကလွှမ်းမိုးသွား၏။
"ဟယ် သခင်ငယ်လေးမိုးမိလာတာလား ပြောပါတယ် မညိုသွား၀ယ်ပေးပါမယ်ဆို"
ကိုကိုနှင့်ပတ်သတ်သည်မို့သူအခြားသူကိုလက်လွတ်စပယ်၀ယ်ခိုင်းတာမျိုးမလုပ်ချင်...ခက်တိုးတိုးရယ်ပြီးသူအဆင်ပြေသည့်အကြောင်းသာ မညိုကိုပြောလိုက်၏။
![](https://img.wattpad.com/cover/279334468-288-k339958.jpg)
YOU ARE READING
To Be Loved...
RomansaWhat Do I have to do to feel loved? ✖No TRANSLATION ✖ * This is an own creation* Start Date-29.7.2021 End Date -21.1.2022