-16-

5.3K 378 34
                                    

UNICODE

" ကိုကို ပန်းသီးဖျော်ရည်လေးဖျော်ပေးပါလားဟင်''

ဆေးရုံကဆင်းပြီးတည်းက ရောင်ခြည်ကို အလုပ်ကနားစေပြီးတဲ့နောက် ပိုင်စေလဲဆေးရုံအုပ်ကြီး
အကူညီကြောင့်ခွင့်တစ်လရ၏။
Omegaတွေရဲ့ ကိုယ်၀န်ဆောင်ချိန်ကရှစ်လရှိပြီးလွယ်ကူမနေတာကြောင့်
သူကအိမ်မှာနေဖို့ပဲရွေးချယ်ခဲ့တယ်။

" အင်း ကိုကိုဖျော်ပေးမယ် ကလေးအက်မှာထိုင်နေနော်''

အရင်ကဆိုသူ့ကိုခိုင်းဖို့မပြောနဲ့ တခုခုတောင်မပြောတဲ့သူ့Omegaကဒီရက်ပိုင်းအတွင်းစိတ်အရမ်းဆက်လာတယ်။ဟိုးငယ်ငယ်လေးထဲကသူကပဲ
ကိုယ့်ကိုအရိပ်တကြည့်ကြည့်ဂရုစိုက်ခဲ့တာမို့ပိုင်စေကတခါမှရောင်ခြည်ကို
ဂရုမစိုက်ခဲ့ရဘူး။အခုကိုယ်၀န်ဆောင်ချိန်မှာရောင်ခြည်ကရောင်ခြည်နဲ့မတူအောင်ကိုပိုပိုပြီးချစ်ဖို့ကောင်းလာတာမို့ပိုင်စေမှာဂရုစိုက်ဖို့အခွင့်ရေးတွေတိုးလာရတယ်။

ဈေးကနေ၀ယ်လာတဲ့ပန်းသီးကိုသူကိုယ်တိုင်အခွံခွာ ပြီးသေချာဂရုတစိုက်လှီးလိုက်တယ်။အခွံပါတခါတည်းကြိတ်စက်ထဲထည့်ရင်ခါးလို့သူ့အကြင်သူကမသောက်နိုင်မှာစိုးရတယ်လေ။

" ပန်းသီးဖျော်ရည်ရပါပြီ ခင်ဗျ''

အရင်လိုအေးတိအေးစက်နိုင်တဲ့သခင်လေးမရှိတော့အောင်ကိုပိုင်စေကသူ့အကြင်သူကိုနွေးထွေးချက်ကစံအိမ်ကသူတွေအကုန်လက်မြောက်ထားရတယ်။

နှစ်ယောက်အတူပန်းသီးဖျော်ရည်သောက်ရင်း စိတ်၀င်စားစရာ
စာဆောင်တွေကိုတူတူဖတ်ရှုနေတယ်။ ရိုးရိုးသားသားပြောရရင် ကလေးတယောက်ကိုဘယ်လိုပျိုးထောင်ရမလဲဆိုတဲ့စာအုပ်တွေဆိုရင်ပိုမှန်တယ်။
သူတို့နှစ်ယောက်ကမွေးလာမည့်ကလေးကိုအကောင်းဆုံးပျိုးထောင်ချင်တာကိုသူတို့ရဲ့စိတ်ဆန္ဒပဲ။

" ချစ်သူလမ်းကြားလေးမှာတွေ့နိုး...အိုး...ချစ်သူလမ်းကြားလေးမှာတွေ့နိုးနဲ့....''

ဖုန်းသံမြည်လာတဲ့အခါ ကြည့်လိုက်တော့ လင်းထက်ဖြစ်နေသည်မို့သူ့မျက်လုံးတွေကျဉ်းမြောင်းသွားရတယ်။ ရောင်ခြည်ကိုတချက်ကြည့်ပြီးသူလသာဆောင်ထဲခ‌ဏထွက်လာလိုက်သည်။ အသက်ပြင်းပြင်းတချက်ရှုူကာ လက်ခံတဲ့နေရာကိုနှိပ်လိုက်တော့အလျင်လိုဟန်အသံကထွက်ပေါ်လာသည်။

To Be Loved...Where stories live. Discover now