-24-

4.8K 358 28
                                    

UNICODE

ပိုင်စေ တစ်ရွာလုံးကလူကြီးတွေရောကလေးတွေရောဆေးစစ်ပြီးချိန်တွင်တော့နေ့လည်စောင်းနေလေပြီ။သူကြီးကသူ့အိမ်မှာထမင်းကျွေးဖို့ဖိတ်ပေမဲ့ပိုင်စေကတော့သူ့အကြင်သူအိမ်ကိုသွားဖို့လောနေသည်မို့ငြင်းမိ၏။မနက်ကသားကလဲဗိုက်အောင့်သည်ပြောသည်မို့သူသိပ်စိတ်မချတာလည်းပါမည်။ သစ်သားတံခါးလေးကိုဆွဲဖွင့်ကာ၀င်တော့ဧည့်ခန်းထဲလူမရှိ။ သူအခန်းကျဉ်းတံခါးလေးထဲဆွဲဖွဲ့ရင်း‌တွေ့လိုက်သည့်မြင်ကွင်းကြောင့်မျက်လုံးပြူးသွားရသည်။

" ဆောရီး ကိုယ်..ကိုယ်တံခါးမခေါက်မိလိုက်ဘူး"

"ထွက်သွားး!!!''

ရောင်ခြည်မျက်နှာတစ်ခုလုံးနီရဲတွတ်လာရသည်။ သားငယ်ကိုနို့တိုက်ရင်းနှင့်မှသူကအခန်းထဲ၀င်လာ၏။ ရှက်လွန်းလို့အသံကျယ်ကျယ်ဖြင့်တောင်မောင်းထုတ်မိသည်။ကိုကိုလည်းလန့်သွားသည့်သဘောမှာရှိကာချက်ချင်းကိုတံခါးဆွဲပိတ်သွား၏။

" ဟို ဗိုက်ဆာပြီလား"

" အာ မဆာသေးဘူး ကလေးထမင်းမချက်ရသေးဘူးမလား "

'' အွန်း နန်ခမ်းတို့ဆီမှာသွားတောင်းလိုက်မှာမို့ သားငယ်အိပ်နေတာလေးတစ်ချက်ကြည့်ပေးထားလို့ရမလား"

" သူကကိုယ့်သားပဲဟာ ဘာလို့မရရမှာလဲ "

ကိုယ်ကခဏအကူညီတောင်းယုံသာဖြစ်ပြီးသူကပိုင်ဆိုင်မှုပြလိုက်သေးသည်။ရောင်ခြည်မျက်ဆံသာလှန်ကာ နန်ခမ်းတို့အိမ်ဘက်ကိုဦးတည်လိုက်သည်။ အစတည်းကထိုလူသည်စေ့စပ်သေချာသူမို့သူသားနှင့်ထားခဲ့ရသည်ကိုစိတ်မပူ။

ပိုင်စေသားဖြစ်သူအိပ်နေသည်ကိုကြည့်ကာမျက်ရည်ဝဲလာရသည်။နှာတံဆင်းဆင်းနှင့်မျက်ခုံးကသူနှင့်တူကာနှုတ်ခမ်းလေးကတော့သူ့အကြင်သူနှင့်တူသည်။အလွန့်ပင်ချစ်စရာကောင်းကာပိစိကွေးလေးပင်။ ပွေ့ချီချင်ပေမဲ့နိုးသွားမှာမို့မချီရက်။ဘုန်းမြတ်အိမ်တော်၏မျိုးဆက်လို့
ဆိုရလောက်အောင်အရှိန်ဝါရှိသေးသည်။ သူတစ်ချက်ပြုံးလိုက်ကာဆံနွယ်တိုတိုလေးကိုနမ်းရှိုက်လိုက်မိသည်။

To Be Loved...Where stories live. Discover now