UNICODE
" မိုးတိမ် သားငယ်ဒီကိုပြန်လာခဲ့ ဘယ်နှစ်နှစ်ရှိပြီမို့ ရေချိုးမယ်ဆိုထွက်ပြေးနေတာလဲ"
ဒိုင်ဘာကလွဲဘာမှမ၀တ်ထားတဲ့ဘုန်းမြတ်အသေးလေးကရေနွေးထည့်ထားတဲ့ သစ်သားစည်ကိုကြည့်ပြီးပတ်ပြေးနေတာငါးမိနစ်လောက်ရှိပြီဖြစ်သည်။ရှမ်းပြည်ရဲ့အအေးကစိမ့်ပေမဲ့အခုလို တစ်ပတ်ကိုရေနှစ်ခါလောက်ပဲချိုးပေးတာကိုကလွန်လှလေပြီ။ဒီနယ်သားတွေဆိုအအေးမကြောက်ပဲနေ့တိုင်းချိုးကြသည်။ပြင်ဦးလွင်သားစစ်စစ်ဖြစ်တဲ့သူတို့မိသားစုတွင်ပိုင်စေဘုန်းမြတ်နှင့်သူ့သားကတော့တမူထူးခြားကပင်အအေးကြောက်ကြသည်။
" ပိစိ ဘာလို့ပတ်ပြေးနေတာလဲ"
ရွာထဲ နေမကောင်းတဲ့အဘွားတစ်ယောက်ကိုကြည့်ပြီးပြန်လာသည့်ပိုင်စေကအိတ်ကိုချကာ သူ့ခြေသလုံးကိုအပြေးလာဖက်သူသားငယ်ကြောင့်မျက်ခုံးပင့်မိသွားသည်။
" ပါးပါးက ရေချူးတဲ့ တားကမချူးချင်ဝူးလေ "
" ဟုတ်လား ဘာလို့မချိုးချင်တာလဲပိစိက"
" ချမ်းးးချမ်းးး တယ်! ဖေ က ဝိုင်းပြောပေးးး"
သားငယ်ရဲ့စစ်ကူတောင်းမှုကြောင့်ပိုင်စေပြုံးမိကာ ရောင်ခြည်ကိုဝိုင်းကူပြောပေးမည်အလုပ်သူ့ကိုမျက်ထောင့်နီဖြင့်စိုက်ကြည့်သူနှင့်မျက်လုံးချင်းဆုံတော့တံတွေးကိုတိတ်တိတ်လေးမျိုချလိုက်ရသည်။ပြီးမှခြေသလုံးဖက်ထားသည့်သားငယ်လက်လေးနှစ်ဖက်ကိုညင်သာစွာလွှတ်ချလိုက်ကာမသိချင်ယောင်ဆောင်ပြီးအခန်းထဲ၀င်သွားရုံမှတစ်ပါးသူ့မှရွေးချယ်စရာမရှိ။
// မင်းပါးပါးကိုငါတောင်မပြောရဲတာ
မင်းကဘာတွေလာမျှော်လင့်နေတာလဲ!!//ခဏအကြာတော့ပိစိရဲ့အော်သံစူးစူးကိုအခန်းတွင်းမှကြားလိုက်ရလေသည်။ကြည့်ရတာရေနဲ့တွေ့သွားပြီထင့်ပါ။
" မိုးတိမ်ဘုန်းမြတ် မူယာမာယာတွေမများနဲ့ ရေကနွေးနွေးလေးဟာ "
" ဟွန့် ပါးပါးကလဲ ချမ်း~~ဂစ်~~ ချမ်း တာပဲ "
သားငယ်ရဲ့ဒီလိုပုံမျိုးနှင့်သရုပ်ဆောင်လုပ်လို့ရမည်ဟုရောင်ခြည်တွေးမိတော့ပြုံးလိုက်မိသည်။ရေသေချာချိုးပြီးမှသဘတ်ဖြင့်ပတ်ပေးတော့ဖက်ထုပ်လေးလို့ချစ်ဖို့ကောင်းနေသည်မှာအမှန်။

YOU ARE READING
To Be Loved...
RomanceWhat Do I have to do to feel loved? ✖No TRANSLATION ✖ * This is an own creation* Start Date-29.7.2021 End Date -21.1.2022