-12-

4.8K 371 37
                                    

UNICODE

ရေချိုးခန်းရှိမှန်အတွင်းမြင်တွေ့နေရသောမိမိခန္ဓာကိုယ်အခြေနေကြောင့် ရောင်ခြည်တစ်ယောက်ငိုမဲ့မဲ့ဖြစ်နေလေပြီ။လည်ပင်းမှစ၌ပေါင်အတွင်းသားထိနီစွေးနေသောအမှတ်သားများကိုသူဘယ်လိုဖုံးရမည်နည်း။
ကမ်းခြေသွားမည်ဆို၍ လည်ဟိုက်အကျများသာထည့်လာမိသည်။

"အကိုလေး ကျွန်တော်ကမ်းခြေဘယ်လိုသွားရပါ့မလဲ''

''ကိုယ့်မှာဟူဒီတထည်ပါတယ် ''

ဘေးနားမှာသွားတိုက်ရင်မပီမသစကားဖြင့်သူ့ကိုပြန်ပြောတော့ ‌မကျေမနပ်စိတ်လေး၀င်လာမိသည်။သူက ကမ်းခြေမှာရေဆော့မလို့လေ ဟူဒီကြီးနှင့်ရေထဲဘယ်လိုဆင်းရမည်တုန်း။

"ကမ်းခြေမှာရေဆော့ချင်တာဗျ''

''ရေဘယ်လိုထိမတုန်း မင်းအနာမကျက်သေးတဲ့ဟာ''

အေးလေ။အက်အနာဖြစ်အောင်မည်သူလုပ်သနည်း။ သူမေးလိုက်ချင်ရဲ့။

"ဒီနေ့တရက်သည်းခံလိုက် နက်ဖြန်ရှိသေးတယ်လေ''

''အွန်း''

မနက်ခင်းနေရောင်ခြည်နှင့်အတူ အကိုလေးလက်ကိုဆွဲကာ ကမ်းခြေဘက်ထွက်လာတော့လူစည်ကားနေသည်။
ရေကူးမည်ဆိုကာ အပေါ်အကျချွတ်ပြီးပြေးထွက်သွားသူကိုကြည့်ပြီး သူလဲသောင်ပြင်မှာသာထိုင်ကာ ငေးကြည့်နေလိုက်သည်။

မိနစ်အနည်းငယ်လောက်ကြာတော့ ဘစ်ကနီ၀တ်ထားသည့်မိန်းကလေးအချို့သူ့ခင်ပွန်းအနားကပ်လာသည်ကိုတွေ့ရသည်။မျက်မှောင်တချက်ကြုတ်မိပေမဲ့ အကိုလေးဘာပြောလိုက်မှန်းမသိပါ သူ့ဆီကိုထိုမိန်းကလေးတစ်ချို့ကြည့်လာကြပြီး စိတ်ပျက်လက်ပျက်ဖြင့်အကိုလေးအနားမှထွက်ခွာသွားကြသည်။

"ရောင်ခြည်....''

''ဗျာ အကိုလေး''

"မနက်က မင်းကိုယ်လေးနွေးနေတာ ပြန်မယ်လေ ကိုယ်လဲပြီးပြီ"

''ဟုတ်ကဲ့ အကိုလေးဒါနဲ့ခုနမိန်းကလေးတွေက ကျွန်တော့်ကိုကြည့်သွားတယ် ဘာပြောလိုက်တာလဲ''

''မင်းကကိုယ့် Omegaလို့ပြောလိုက်တာ ဘာဖြစ်လို့လဲ''

ခက်တည်တည်ပင်သဘတ်အဖြူရောင်ကိုယူကာ ခေါင်းသုတ်ရင်းဖြေလာသူကြောင့်သူ့ပါးတွေရဲကနဲ။ထိုမိန်းကလေးတွေ စိတ်ပျက်ပြီးထွက်သွားကြတာမဆန်းတော့။

To Be Loved...Where stories live. Discover now