UNICODE
အသက်ဆယ်သုံးနှစ်သာသာရှိသေးသည့်ကောင်လေးကဆေးရုံအရေးပေါ်ခန်းထဲ သတိမလည်သေးပဲမေ့မောနေသည့်ကလေးငယ်ငယ်လေးကိုလက်သီးလေးတင်းဆုပ်ကာငေးကြည့်နေတယ်။ အလိုမကျဟန်ဖြင့်မျက်ခုံးလေးတွေပါတွန့်ကျိုးနေတာကိုတချက်ကြည့်ရုံနဲ့တင်မြင်နိုင်တယ်။
'' သူဘာလို့မနိုးသေးတာလဲ မေမေ''
" ရောင်ခြည်လေးကနေမကောင်းဘူးသားရဲ့''
နမိုးနီးယားဖြစ်ပြီးအရေးပေါ်ခန်းထဲရောက်သွားတဲ့ကောင်လေးကဆယ်တစ်နှစ်လို့မထင်ရအောင်လူကောင်သေးလှတယ်။ သေမင်းတံခါး၀ကနေမနည်းပဲဆွဲခေါ်လာရတဲ့သူကအခု
ထက်ထိ ပြန်မကောင်းနိုင်သေးဘူး။ထိုကောင်ငယ်လေးကို သူနာပြုဆရာ၀န်မလေးကသွေးလာထုတ်တိုင်း
တအိအိနဲ့ငိုရှာတယ်။ဒါကိုမြင်ပြီး
ပိုင်စေရဲ့လက်သီးဆုပ်လေးတွေပိုပိုပြီးတင်းကျပ်သွားတာကိုဘယ်သူမှမမြင်လိုက်ဘူး။" ပိုင်စေဘုန်းမြတ် သားလေးကြီးလာရင်ဘာဖြစ်ချင်လဲ''
ကျောင်းကမြန်မာစာဆရာမက ကိုယ့်ဝါသနာနဲ့ပတ်သတ်ပြီးစာစီစာကုံးရေသားဖို့ပြောဆိုရင်းကျောင်းသားတချို့ရဲ့ဝါသနာကိုမေးမြန်းလာတဲ့အခါ ပိုင်စေကပြတ်သားမှုအပြည့်ရဲ့ဖြေဆိုခဲ့တယ်။
" ကျွန်တော်ဆရာ၀န်ဖြစ်ချင်တယ်''
" ဘာလို့လဲ သား?"
ဘာလို့လဲ ဆိုတဲ့အဖြေဟာ ဆေးရုံးခန်းလေးထဲကမျက်နှာနုနုလေးနဲ့ကောင်လေးဖြစ်လိမ့်မယ်။ ရောင်ခြည်သွေး
ကသူကိုယ်တိုင်မနာအောင်တယုတယကုသပေးချင်ခဲ့တဲ့ပထမဆုံးလူနာပဲ။ သူနာပြုတွေကထိုကောင်လေးကိုနာအောင်လုပ်တယ်လို့သူယူဆတယ်။
ဆရာ၀န်တွေကိုလဲထိုကောင်လေးနေပြန်မကောင်းသေးတာမို့မကျေနပ်ဘူး။
ကြီးလာရင်တော့ သူကိုယ်တိုင် မနာအောင်မြန်မြန်ပျောက်အောင်ကုသပေးချင်တယ်။မြန်မြန်ပြန်ကောင်းလာပေးပါ။ မင်းကြိုက်တဲ့ နှင်းဆီဖြူတွေကိုယ်ခူးထားပေးပါ့မယ်.....
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
." ကလေး ...ရောင်ခြည် ထပါဦး...
ကျစ် ပူကျစ်နေတာပဲ''
YOU ARE READING
To Be Loved...
RomanceWhat Do I have to do to feel loved? ✖No TRANSLATION ✖ * This is an own creation* Start Date-29.7.2021 End Date -21.1.2022