-14-

4.5K 373 42
                                    

UNICODE

ပိုင်စေအိမ်ပြန်ရောက်ချိန်တွင်တော့မနက်နှစ်နာရီလောက်ပင်ဖြစ်နေလေပြီ။နေတောင်မပွင့်သေးသည့်အပြင် တစ်နေ့လုံးပင်ပန်းခဲ့တာကြောင့်ရော
အိပ်ခန်းထဲသို့ တန်း၀င်လိုက်ပေမဲ့ သူ့အိမ်သူဟာအခန်းထဲမရှိနေပါ။ ခေါင်းနပမ်းကြီးအောင်စိတ်ပူသွားရသည်။
လူကြီးတွေလဲအိပ်နေကြသည်မို့ ခြေသံဖွဖွဖြင့်သာအောက်ဆင်းကာ ရှာကြည့်မိတော့ဧည့်ခန်းထဲတွင်လဲမတွေ့။ မီးဖိုချောင်ထဲ ခြေလှည့်မိတော့ပိုင်စေကြောင်အသွားရသည်။

" သေစမ်း ''

ဒီနေ့ကသူတို့ရဲ့ Anniversary နေ့။
သူဒီရက်ပိုင်းအလုပ်တွေရှုပ်နေတာမို့
မမှတ်မိလိုက်။ဘယ်လောက်တောင်ဆိုးရွာလိုက်လဲ။သူ့ကိုဒီနေ့စောစောပြန်လာမယ်မလားလို့အသံတိုးတိုးနှင့်မေးခဲ့သော ရောင်ခြည်ကိုပြန်တွေးယောင်မိတော့ရင်ဘတ်ထဲတင်းကြပ်သွားမိရသည်။ စုပ်သက်မိကာ ဖွာကျဲနေသောဆံပင်ထဲလက်ထိုးထည့်ကာ
သက်ပြင်းသဲ့သဲ့ချမိသည်။

ထို့နောက်အရင်ကရောင်ခြည်နေခဲ့သော အခန်းငယ်လေးထဲသို့ဦးတည်မိတော့ စောင်လေးခြုံကာ အိပ်နေသူ။
အနီးကပ်ကြည့်မိတော့ နှုတ်ခမ်းများဖြူစုပ်နေတာကြောင့် သူ့စိတ်ခံစားချက်များပိုပြီးမတည်မငြိမ်ဖြစ်လာရသည်။

'' ကလေး...ကလေး ဖျားနေတာလား ဟင်''

ပြန်မဖြေသူကြောင့်နဖူးပေါ်လက်တင်မိတော့ အနည်းငယ်ပူနေသည်။ လည်သာအိတ်ထဲက ကိရိယာများယူ၍စမ်းသပ်မိတော့ အအေးပက်တာကြောင့်ဖြစ်မည်ထင်။ သို့ပေမဲ့ အနည်းငယ်ဖျားနာမှုနှင့်မတူ ဘာလို့ တကိုယ်လုံးဖြူစွပ်နေရပါသနည်း။
ဆရာ၀န်တယောက်အနေနဲ့မူမမှန်တာကိုသတိထားမိကာ ချက်ချင်းပင်ပွေ့ချီပြီးခြံထဲသို့ပြေးဆင်းလိုက်၏။မကြာမီပင် ကားအဖြူလေးသည်အလျင်မြန်ပင်အိမ်တော်မှထွက်ခွားသွားတော့သည်။

_____________________________

" ဆ...ဆရာပိုင်?''

သူနာပြုဆရာမလေးတွေကခုနလေးတင်အလုပ်ဆင်းသွားသော ဆရာပိုင်က အမျိုးသားတယောက်ကိုပိုက်ကာ သားဖွားမီးယပ်ဆိုင်ရာဌာနသို့ပြေး၀င်သွားသည်ကိုကြည့်ပြီးအံ့
ဩနေကြသည်။

To Be Loved...Where stories live. Discover now