-4-

4.5K 414 13
                                    

ZAWGYI READERS CAN SCROLL DOWN

UNICODE

ကော်ဖီဆိုင်နဲ့ကျောင်းကအတန်ဝေးတာမို့ ရောင်ခြည်တယောက်လင်းခန့်ရဲ့ဆိုင်ကယ်ကိုသာနောက်ကလိုက်စီးပြီးသွားဖြစ်လိုက်မိသည်..ဆိုင်ရောက်တော့ ထိုစာရေးအသစ်ဖြစ်တဲ့ Alpha က စောင့်နေပြီးဖြစ်ကာ သူတို့ကိုလက်ဝှေ့ပြ၏..စားပွဲဝိုင်းသ်ို့သွားကာ ဘယ်လို ငြင်းရမလဲဆိုတဲမေးခွန်းအများအပြား ရောင်ခြည်သွေးရဲ့ဦးခေါင်ထဲအပြည့်....

"ဆရာသွေး ထိုင်ပါဗျ...''

" ဟုတ်ကဲ့ ကျေးဇူးပါ''

ထိုစားရေးသစ်လေးက လင်းခန့်ကိုစူးစိုက်ကြည့်ကာ ထွက်သွားဖို့အရိပ်ပြသော်လည်း သူငယ်ချင်းကောင်းပီသသော လင်းခန့်ကတော့ ရောင်ခြည်သွေးဘေးနားမှာသာထိုင်ကာ ချောကလတ်ကိတ်ကိုစားခြင်းဖြင့်မသိနားမလည်သာနေ၏...

" ရတယ်ညီသူ့ကိုစိတ်ထဲမထားပါနဲ့ပြောစရာရှိတာသာအားမနာပဲပြောပါ''

ဒီလိုအဖြစ်ပျက်မျိုးကခဏခဏဖြစ်နေကြမို့ ရှက်နေသောထိုစာရေးသစ်ကို ငြင်းဖို့အတွက်လမ်းဖွင့်ပေးလိုက်ရသဘည်...အားနာပေမဲ့လည်းမတတ်နိုင်ပါ...သူမှမချစ်နိုင်ပဲ..

"ဟို ကျွန်တော် ဆရာ့ကိုသဘောကျတယ်ဗျ စဥ်းစားပေးဖို့ပြောချင်တာပါ''

ထိုသူဖွင့်ပြောလာသည်နှင့်လင်းခန့်ကတော့ သူ့သူငယ်ချင်းကိုတစ်ချက်ကြည့်ကာ တက္ကသိုလ်တည်းက ကြားလာတဲ့ဓာတ်ဟောင်းကြီးဖွင့်တောမည်ကိုကြိုသိသည့်သလား ချောကလတ်ကိတ်ကိုအမြန်စားရတော့သည်...ဒါပြီးရင်ဘာဖြစ်တော့မလဲသူသိသည်လေ...

" ပြောရတာတော့အားနာပါတယ် အကိုက လက်တွဲဖော်ရှာဖို့စိတ်ကူးမရှိသေးပါဘူး''

" ဒါပေမဲ့...''

" အကိုသွားစရာလေးရှိသေးလို့ ခွင့်ပြုပါဦး''

ပြောပြီးသည်နှင့်စားပွဲ​ပေါ်ကဖုန်းကိုယူကာ လင်းခန့်ကိုတစ်ချက်ကြည့်ပြီးမျက်စပစ်ကာ သွားမည့်အကြောင်းပြောလာသည်...ထိုအခါမှလင်းခန့်သည်လည်း သောက်လက်စကော်ဖီကိုချကာ ရောင်ခြည်သွေးနောက်အပြေးလိုက်ရတော့သည်..

To Be Loved...Where stories live. Discover now