-25-

4.8K 353 33
                                    

UNICODE

Warning: This part may contains mature content. Rest at your own risk.

ရှမ်းပြည်နယ်ရဲ့ရာသီဥတုကအေးစိမ့်ကာချမ်းအေးလှသည်။မနက်ခင်းနေရောင်ခြည်တောင်ကောင်းစွာမပွင့်နိုင်ပဲမြူများအုံ့ဆိုင်းလျက်ရာသီဥတုသည်အုံ့မှိုင်းမှိုင်းဖြစ်နေသည်။ရောင်ခြည်သွေးသည်လျော့ကျနေသောဂွမ်းစောင်‌ကိုအပေါ်ဆွဲချုံလျက် နံဘေးကနွေးထွေးနေသည့်အရာထံ ကျုံ့၀င်သွားသည်။ပြန်ထွေးပွေ့လာသူထံဇိမ်ခံစွာဖြင့်သာမျက်လုံးများမှေးလျက်မနက်ခင်းပုဇွန်တုပ်ကွေးစီးစိမ်ကိုခံစားနေသည်။အိပ်နေရင်းပင်သူမုမမှန်မှုကိုခံစားလိုက်ရသည်။ ပူနေတယ်
သူခို၀င်ထားသည့်ရင်အုပ်ကလိုတာထက်ပူနေသည်။မျက်လုံးကိုဖြေးညင်းစွာဖွင့်ကြည့်မိတော့မျက်နှာတွေနီရဲကာ ချွေးတွေထွက်နေသူကိုတွေ့ရသည်။

" ဝေ့... အဆင်ပြေရဲ့လား ထဦး"

ဘာမှပြန်မပြောပဲမျက်မှောင်ကြီးကြုတ်နေသူကိုကြည့်ကာရောင်ခြည်တစ်ခုခုကိုရိပ်မိလာသည်။

မဖြစ်ဘူး!! မဖြစ်ဘူးနော် ပိုင်စေဘုန်းမြတ် သားကဘေးကခြင်ထောင်ထဲမှာလေ!!!

" ခင်...ခင်ဗျား အက်မှာနေနေ တောင့်ခံလက်စနဲ့ဆက်တောင့်ထား "

ချက်ခြင်းထကာ အိပ်နေတဲ့သားကိုဖွဖွချီ၍ အရင်ကထိုလူအိပ်ဖို့အတွက်ပြင်ပေးထားသည့်အခန်းထဲ၀င်ကာကလေးကိုချ၍သိပ်လိုက်ရသည်။သားငယ်ဘ၀ကလဲသူလာမှသူနှင့်အခန်းပြောင်းလိုက်ရသည်ပင်။အခန်းပြောင်းပြီးသည်နှင့်သူရှိသည့်အခန်းကိုမဖွင့်ရဲတော့။ ဖွင့်လိုက်သည်နှင့်ဘာတွေဖြစ်ပျက်နေမလဲဆိုတာခန့်မှန်းမိသည်။ တံခါး၀ရှိလက်ကိုင်နားတွင်တုံ့ဆိုင်းနေတုန်း အော်သံ အသံနက်နက်ကိုကြားလိုက်ရသည်။ရောင်ခြည်သည်းမခံနိုင်ပါ။သူနာကျင်သည်ကိုသိရက်နဲ့မထားနိုင်ခဲ့။ချက်ခြင်းပဲအခန်းတံခါးကိုဖွင့်လိုက်တော့ လေ၀င်မှုမရှိသောအလုံပိတ်သစ်သားခန်းလေးတွင်ပူရှိန်းရှိန်းအနံ့များဖြင့်ပြည့်နေသည်။

ခေါင်းအုံးစကိုတင်းနေအောင်ကိုင်ကာအံကြိတ်ထားသူကအလွန်ပင်ခံရခက်နေပြီးရောင်ခြည်ကိုမျက်လုံးနီတွေဖြင့်စိုက်ကြည့်နေလေသည်။ရောင်ခြည်
လည်းများပြားလှသော pheromones နံ့ကနှာခေါင်းထဲအလုံးလိုက်အရင်းလိုက်၀င်လာသည်မို့ကိုယ်လုံးတစ်ခုလုံးတုန်ယင်လာသည်။

To Be Loved...Where stories live. Discover now