-20-

5.9K 399 39
                                    

UNICODE

အခန်းထဲကအမျိုးသမီးကအရောင်
ဖျော့နေတဲ့နှုတ်ခမ်းသားတွေကိုခက်ရဲရဲဆိုးဆေးတင်လိုက်တယ်။သူ့ရဲ့ပျော့ညံ့တဲ့တစ်ဖက်ခြမ်းကိုဖုန်းပြီးတဲ့နောက်ဒေါက်ဖိနပ်ကိုစီးကာယုံကြည်မှုရှိစွာပဲလျှောက်လှမ်းသွားတော့တယ်။
သူမကနတ်ဆိုးတယောက်လိုအရာရာကိုဖျက်စီးဖို့အသင့်ဖြစ်နေခဲ့တာ။

" နောက်ကျသွားလို့ ဆောရီး ''

ရောင်ခြည်က အအေးမိလို့သုံးရက်လောက်ဖျားနေတဲ့အတွင်းသူအများကြီး‌တွေးမိတယ်။သူ့ကိုသုံးရက်လုံးအဖော်ပြုပေးပေမဲ့ကိုကိုကညဘက်ဆိုပျောက်ပျောက်သွားတုန်းပဲ။နေပြန်ကောင်းတဲ့နေ့ရက်တွေမှာပဲမနှင်းသဇင်ဆီကဖုန်းရပြီးအတူ‌တွေ့ဖို့ချိန်းဆိုလာတော့ရောင်ခြည်တ‌စ်ယောက်ကြောက်စိတ်တွေ၀င်လာတာအမှန်ပဲ။
သူသေချာဆုံးဖြတ်ချက်ချပြီးတဲ့နောက်နှင်းသဇင်နဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ကိုရွေးချယ်လိုက်တယ်။

" ရပါတယ် မနှင်းသဇင် ထိုင်ပါ။
ကျန်းမာရေးကောင်းပါရဲ့လား''

''မကြာခင်ဆေးရုံဆင်းရမယ်လို့တော့
မောင်ကပြောတာပဲ''

"........."

" မင်းလဲသိမှာပါ အစတည်းကလုယူသွားတာမလား ပိုင်ရှင်ကိုပြန်ပေးရမှာပေါ့ မောင်ကမင်းကိုတစ်ကယ်ချစ်တယ်လို့ထင်နေတာလား မင်းကိုသူလက်ထပ်ခဲ့တာငါ့ကိုရွဲ့ချင်ယုံသက်သက်ပဲ အခုငါတို့အဆင်ပြေနေပြီ''

'' ကျွန်တော်.... "

" ရောင်ခြည်သွေး မင်းအခုထိတုံးချင်ယောင်ဆောင်နေမှာတော့မဟုတ်ဘူးမလား မင်းကြောက်နေတာပဲ အစစ်မှန်ကိုယုံကြည်ဖို့မင်းကြောက်နေတာ
မင်းအကုန်သိနေရဲ့သားနဲ့မသိဟန်ဆောင်နေတောတွေကမင်းကြောက်နေလို့ပဲ!!!''

" ဘာလဲ မောင်ကမင်းကိုအသုံးချယုံပဲဆိုတာကိုလက်မခံနိုင်ဘူးလား သူ့ကိုလက်လွှတ်ရမှာကြောက်နေတာလား
အမှန်ကိုလက်ခံပြီးငါ့လူကိုငါ့ကိုပြန်ပေး ရောင်ခြည်သွေး အရှက်ရှိရင်ပေါ့''

" ကျွန်တော့်ကိုအချိန်ပေးပါ ကျွန်တော်သေချာပေါက် ကိုကို့ကိုလက်လွှတ်ပေးမှာပါ''

To Be Loved...Where stories live. Discover now