-6-

4.6K 415 27
                                    

ZAWGYI READERS CAN SCROLL DOWN

UNICODE

နှင်းဆီပန်းပင်တွေနဲ့ပြည့်နေတဲ့ ခြံထဲကို ထိုမိန်းကလေးကိုလိုက်ပြ ပြီးတာနဲ့
ရောင်ခြည်က တာဝန်ပြီးမြောက်ပြီဟုယူဆကာ လှည့်ထွက်မည်အလုပ်..

" နေပါအုံး ရောင်ခြည်သွေးရဲ့...ဘာတွေကြောက်နေတာလဲ''

စိတ်ထဲတိတ်တိတ်လေးဆဲရေးလိုက်မိတယ်...တကယ်ပဲထိုမိန်းကလေးကသူ့ကိုအလွတ်ပေးမဲ့ပုံမပေါ်ဘူး....

" မကြောက်ပါဘူး မနှင်းသဇင်ရယ်...
ကျွန်တော် ကဘာအကြောင်းကြောင့်ကြောက်ရမလဲ''

" အဟက်...ဘယ်သိမလဲသူ​များဆီကတစ်ခုခုခိုးဖို့ကြံရင်တော့ပိုင်ရှင်ကိုကြောက်ကြတာပဲမလား?''

ထိုမိန်းကလေးရဲ့နှုတ်ခမ်းနီနီကထွက်လာတဲ့စကားကရောင်ခြည်ရဲ့ပြုံးမနေတဲ့မျက်နှာကိုပိုပြီးတည်သွားစေတယ်...ဘယ်သူကဘယ်သူ့ဆီကအရင်ယူခဲ့လဲဆိုတာနဲ့ပတ်သတ်ပြီးသူကပိုပြီးတောင်အငြင်းမပွားချင်ဘူး...
လူတွေကခက်တယ်ဆိုတဲ့အမေပြောတဲစကားကိုသွားတောင်သတိရသွားမိတယ်...

သူကဒီလူသားကိုတိတ်တိတ်လေးငေးကြည့်ရုံပါ...ဘာတွေကအရမ်းခက်ခဲစေတာလဲ...

" ကျွန်တော်ကဗုဒ္ဓဘာသာတယောက်ပါ ဘယ်သူ့ဆီကမှဘယ်ပစ္စည်းကိုမှ
ဒီအသက်ရွယ်ထိမခိုးဖူးပါဘူး နောင်လဲလုပ်ဖို့စိတ်ကူးမရှိပါဘူး...''

" အို့...အက်တာကယုံရလို့လား...သူခိုးတွေကသူတို့မခိုးဘူးပဲပြောကြတာလေ''

" မနှင်းသဇင် ယုံမယုံကျွန်တော်ဂရုမစိုက်ပါဘူး သွားခွင့်ပြုပါဦး''

"နေပါအုံး ကျွန်မလက်ဆောင်ပေးခဲ့ချင်လို့''

ပြောရင်းထိုမိန်းကလေးက အပင်ဖြတ်တဲ့ကတ်ကြေးကိုကောက်ယူကာ အနီရောင်နှင်းဆီပန်းကိုဖြတ်ပြီး ကမ်းလှမ်းလာ၏..

" အနီရောင်နှင်းဆီပန်းကအရိုင်းဆန်တယ် လှတယ် ညို့ချက်ပြင်းတယ်...''

To Be Loved...Where stories live. Discover now